နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဇီလန်လွှတ်တော်သစ်မှာ ကိုယ်စားပြု လွှမ်းခြုံနိုင်မှုအများဆုံး လွှတ်တော်ဖြစ်လာမည်

အောက်တိုဘာ  ၁၉၊ ဝယ်လင်တန်


နယူးဇီလန်လွှတ်တော်သစ်တွင် အသားအရောင် မျိုးစုံရှိသူများ၊ လိင်စိတ်ပြောင်းနေသူများနှင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အများအပြား ပါဝင်လာပြီး ကိုယ်စားပြု လွှမ်းခြုံနိုင်မှုအများဆုံး လွှတ်တော်ဖြစ်လာမည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်အားလပ်ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်၏ အာဏာရ Labour ပါတီ အပြတ်အသတ် အနိုင်ရခဲ့သည်။


Labour ပါတီမှာ တစ်ပါတီတည်း အစိုးရဖွဲ့စည်းနိုင်ခွင့်ရှိသော်လည်း ကျယ်ပြန့်သည့် ယေဘုယျသဘောတူညီချက်များ ပုံဖော်နိုင်ရန်အတွက် မဟာမိတ်အဖွဲ့ဟောင်းဖြစ်သည့် Green ပါတီနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။


လွှတ်တော်အမတ်နေရာ ၁၂၀ ရှိသည့် နယူးဇီလန်လွှတ်တော်တွင် Labour ပါတီက အမှတ်နေရာ ၆၄ နေရာ ရရှိခဲ့ပြီး တစ်ဝက်ကျော်မှာ အမျိုးသမီး လွှတ်တော်အမတ်များဖြစ်သည်။ ထို့အပြင် မော်ရီတိုင်းရင်းသား လွှတ်တော်အမတ် ၁၆ ဦး၊ အာဖရိကမျိုးနွယ်မှ ဆင်းသက်လာသည့် ပထမဆုံးခေါင်းဆောင်ဖြစ်သူ အီဘရာဟင်အိုမာ၊ သီရိလင်္ကာမျိုးနွယ်မှ ဆင်းသက်လာသည့် ဗာနူရှီဝေါ်တာတို့ ပါဝင်လာခဲ့သည်။


''ကျား၊ မ အရေအတွက်၊ လူနည်းစုတွေနဲ့ တိုင်းရင်းသားတွေ ကိုယ်စားပြုမှုပမာဏအရ ကိုယ်စားပြု လွှမ်းခြုံနိုင်စွမ်းအရှိဆုံး လွှတ်တော်ဖြစ်ပါတယ်'' ဟု မက်ဆေးတက္ကသိုလ်၏ လူသားမျိုးနွယ်များနှင့် လူမှုသိပ္ပံကောလိပ်မှ ပါမောက္ခ ပေါလ်စပွန်လေက ပြောသည်။ ထို့အပြင် နယူးဇီလန်လွှတ်တော်အမတ် ၁၀ ရာခိုင်နှုန်းမှာ လိင်စိတ်ပြောင်းလဲနေသူများဖြစ်သည်။ လိင်စိတ်ပြောင်းလဲနေသူဟု တရားဝင် ဝန်ခံထားသည့် ဘဏ္ဍာရေးဝန်ကြီး ဂရန့်ရောဘတ်ဆန်ကဲ့သို့ ထင်ရှားသည့် ခေါင်းဆောင်များလည်း ပါဝင်လာခဲ့သည်။                                                                                                                                                             


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ