ရန်ကုန် ဧပြီ ၂၈
ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်ရေးအတွက် အိမ်မှာနေ၍ အပြင်သို့သွားလာမှု နည်းပါးနေသည့် အချိန်ကာလတွင် ဝင်ငွေနည်းပါး၍ အဆင်မပြေမှုများလျော့စေရန် AMPS Foundation နှင့် တောင်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ဆန်၊ ဆီ ပါဝင်သော အခြေခံ စားသောက်ကုန်များကို မြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားများအား ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ လှူဒါန်းခဲ့စဉ်။
(နေထက်အောင်)