နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနိူင်းအစည်းအဝေးကျင်းပ

ရန်ကုန်  ဧပြီ   ၂၈


ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနိူင်းအစည်းအဝေးအား ယနေ့နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး အစည်းအဝေး ခန်းမ (၃) ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။


အခမ်းအနားတွင် ဝန်ကြီးချုပ်က "ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့သစ်ပင်တွေက ဝိတ်များနေတာတွေရှိပါတယ်၊လျှပ်စစ်နဲ့ပတ်သက်ပြီး မီးကြိုးနဲ့မလွတ်တဲ့သစ်ပင်တွေကို လဲရှင်းဖို့လိုပါတယ်၊ဒါတွေအားလုံးကိုစနစ်တကျ ကြိုတင်ရှင်းလင်းဖို့လိုအပ်တယ်၊ယခုရရှိထားတဲ့ သတင်းအချက်အလက်တွေအရ တစ်ကမ္ဘာလုံးဆိုင်ရာသဘဝဘေးအန္တရာယ်ရှိနိုင်တယ်လို့သုံးသပ်ထားပါတယ်၊မိုးဦးအကြိုကာလမှာ ဘေးအန္တရာယ်တွေကတော့ ရှိနိုင်တယ် မုန်တိုင်း တစ်လုံးနှစ်လုံးကတော့ ဖြတ်လေ့ရှိပါတယ်။


 အဲ့ဒီနေရာမှာ ကြီးမားတဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ တစ်ဖက်မှာလည်း COVID-19 ကပ်ဘေးကလည်းရှိနေတဲ့ အချိန်မှာ မိုးလေဝသ ကလည်း မုန်တိုင်းသင့်ပြီးထပ်ဖြစ်မယ်ဆိုရင် ကျနော်တို့နည်းနည်း ပိုပြီးခက်ခက်ခဲခဲ ရုံးကန်ရမည့်အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်၊ဘာလို့လဲဆိုတော့ အဲ့လိုသဘာဝဘေးကျနေရင် နောက်ဆက်တွဲကျန်းမာရေးမှာ ဝမ်းရောဂါ တို့ ကူးစက်တဲ့ရောဂါတို့ ဖြစ်လာနိုင်ပါတယ်၊ဒါကြောင့် ဒီကိုဗစ်နဲ့ ဒီသဘာဝဘေးအန္တရာယ်နဲ့ရောထွေးလို့မရပါဘူး၊ဒါကြောင့်ကြိုတင်ပြင်တင်ဆောင်ရွက်ဖို့ဖြစ်ပါတယ်၊ ဒီအခြေအနေမျိုးဖြစ်လာမယ်ဆိုရင် ရေအခက်အခဲ ရှိလာနိုင်ပါတယ်၊ရေကောင်းရေသန့်ကိုဆက်ပေးနိုင်ဖို့နဲ့ လျှပ်စစ်မီးပြည့်ပြည့်ဝဝရနိုင်ဖို့ ကိစ္စရပ်များကိုလည်း ခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့လိုပါတယ်၊


နောက်တချက်က ရေကြီးရေလျှံဖြစ်နိုင်ပါတယ်၊ ရေကြီးရေလျှံဖြစ်တဲ့ အခြေအနေမှာ ချောင်းတွေမြောင်းတွေနဲ့ မြို့ပေါ်မှာရှိတဲ့ ရေနူတ်မြောင်းတွေကို စနစ်တကျနဲ့ ရေစီးရေလာကောင်းအောင် ခုကတတည်းက ကြိုပြီးပြင်ဆင်ထားဖို့ လိုအပ်ပါတယ်၊ ဒီအခြေအနေကိုမပြင်ဆင်ထားဘူးဆိုရင် မြစ်ဘက်က တက်လာတဲ့ရေနဲ့ ဒီဖက်ကဆင်းတဲ့ရေ  ကြားမှာ အခက်အခဲတွေရှိနိုင်ပါတယ် ၊ ‌ရေတခါးတွေကို ဘယ်လိုမျိုး အဖွင့်အပိတ်လုပ်သင့်တယ် ဆိုတာကို ပေါင်းစပ်ညှိနှိုင်း ပြီးဆောင်ရွက်သွားဖို့လိုအပ်ပါတယ်၊


အဓိကသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့အပိုင်းမှာတော့ မြို့ပြနဲ့ ပတ်သက်တဲ့ အပိုင်းတော်တော်များများက မြို့တော်စည်ပင်နဲ့  လျှပ်စစ်တို့ တခြားသောသက်ဆိုင်ရာဝန်ကြီးဌာန တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ် ဘာကြောင့်လဲဆိုတော့ မြို့တော်စည်ပင်သာယာရဲ့ ဖွံ့ဖြိုးရေးစီးမံကိန်းကြီး နဲ့ဆောင်ရွက်နေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကြောင့် ဒီအပိုင်းကိုပေါင်းစပ်ညှိနိူင်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်၊


စည်ပင်သာယာနယ်နမိတ် ပြင်ပကိုတော့ တိုင်းစည်ပင်ဖက်ကနေ ဆောင်ရွက်ရမာဖြစ်ပါတယ်၊ အထွေထွေအုပ်ချုပ်ရေးမှုူး ဦးစီးဌာနကတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်း တဲ့အပိုင်းကနေ ပါဝင်သွားမာဖြစ်ပါတယ်။ ဒါမှသာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ချက်ချင်းအရေးပေါ်တုန့်ပြန်နိုင်တဲ့အနေအထားနဲ့  ဆင်ရွက်နိုင်မှာဖြစ်ပါတယ်။ လာမဲ့ မိုးဦးကာလမှာ ဖြစ်ပေါ်လာတဲ့အခြေအနေကို တုန့်ပြန်နိုင်ဖို့ အတွက်ဆောင်ရွက်ထားရမာဖြစ်ပါတယ်" ဟုအဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသည်။


ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး တို့က သဘဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြပြီးတက်ရောက်လာကြသောဌာနဆိုင်ရာမှတာဝန်ရှိသူများ က အထွေထွေဆွေးနွေးတင်ပြခဲ့ကြသည်။


အခမ်းအနားသို့ လျှပ်စစ်၊စစ်မှု လက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


သတင်း   မိုးမြင့်မောင်

ဓာတ်ပုံ     ကျော်သူထက်






အခြားဆက်စပ်သတင်းများ