နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ဆိုင်ရာ အပိုဆောင်းအာမခံအကာအကွယ် အခမဲ့ ထောက်ပံ့ပေးမည်

ရန်ကုန်  ဧပြီ  ၂၈

အသက်အာမခံလုပ်ငန်းဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited မှ ယင်း၏ အာမခံဝန်ဆောင်မှု ရယူထားသူများအားလုံးကို ဗိုင်းရပ်စ်မှတစ်ဆင့် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များအား ရင်ဆိုင်နိုင်ရန် COVID-19 ဆိုင်ရာ အပိုဆောင်း အာမခံအကာအကွယ်ကို အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 အခမဲ့ အာမခံအကာအကွယ် အစီအစဉ်တွင် Prudential Myanmar ၏ အသက်အာမခံ           ဝန်ဆောင်မှုရယူထားသူ မည်သူမဆို COVID-19 မတော်တဆ ကူးစက်ခံရသည်ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးသည်ဖြစ်စေ ထပ်ဆောင်းအကျိုးခံစားခွင့်ကို တစ်ပေါင်းတည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပိုဆောင်း အာမခံအကာအကွယ် အစီအစဉ်ကို အသက်အာမခံရယူထားသူ မည်သူမဆို အလို အလျောက် ရရှိမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၁ ရက် နောက်ဆုံးထား၍ အသက်အာမခံ အတည်ပြု ရယူထားသူဖြစ်ရမည်ဖြစ်ကာ  COVID-19 အာမခံကာကွယ်မှု အထူးအစီအစဉ်ကို အာမခံစတင် အသက်ဝင်သည့် နေ့မှ ရက်ပေါင်း ၉၀ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အာမခံထားသူသည် COVID-19 ၏ ရောဂါလက္ခဏာကိုတွေ့ရှိကြောင်း စစ်ဆေးအတည်ပြုခဲ့ပါက အာမခံထားငွေ၏ ၁၀ ရာခိုင်နှုန်းကို ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး ငါးသိန်းအထိ ရောဂါလက္ခဏာအတွက် အကျိုးခံစားခွင့်ရရှိမည် ဖြစ်သည်။ အာမခံထားသူသည် COVID-19 ကပ်ရောဂါကြောင့် သေဆုံးခဲ့ပါက အာမခံထားငွေ၏ ထပ်ဆောင်း ၁၀ဝ ရာခိုင်နှုန်းကို ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး သိန်း ၅၀ အထိ အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Prudential သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့် ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်း လိုင်စင်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။      

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ