နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ/မရှိ စစ်ဆေးရှာဖွေနိုင်သောစက် မန္တလေးရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ရောက်ရှိ

မန္တလေး  ဧပြီ  ၂၈

စင်ကာပူနိုင်ငံမှ လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ/ မရှိ ရှာဖွေစမ်းသပ်နိုင်သောစက်သည် ဧပြီ နောက်ဆုံးပတ်က မန္တလေးမြို့သို့ရောက်ရှိခဲ့ပြီး မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၆၄ လမ်းနှင့် ၆၆ လမ်းကြားရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနခွဲ (မန္တလေး) အဆောက်အအုံရှိ မန္တလေးရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ထားရှိသွားမည်ဖြစ်သည်။

ဓာတ်ခွဲခန်းအတွင်း စက်ထားရှိနိုင်ရေး၊ ဇီဝလုံခြုံရေးအတွက် ကျွမ်းကျင်ပညာရှင်များက ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။ လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများမှာယူထားပြီး၊ ဓာတ်ခွဲပညာရှင်များအား လေ့ကျင့် သင်ကြားပေးကာ မန္တလေးတိုင်းဒေသကြီးအပြင် အထက်မြန်မာပြည်မှ သံသယရှိလူနာများ၏ ဓာတ်ခွဲနမူနာများအား အချိန်နှင့် တပြေးညီ စစ်ဆေး၍ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ/ မရှိ စစ်ဆေးရှာဖွေပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံနှင့် နဒီမြန်မာဟိုတယ်ရှိ သံသယရှိလူနာများ၏ ဓာတ်ခွဲနမူနာများအား ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးနေရသည်။ ဓာတ်ခွဲ စစ်ဆေးစက် ၂၀၂၀ ပြည့်နှစ် မေလကုန်ပြီးစီးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ