နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံ၏ မြို့ကြီးများတွင် ညမထွက်ရအမိန့်ကြောင့် လူသူကင်းမဲ့

အောက်တိုဘာ  ၁၈၊ ပါရီ


ယခင်က စည်ကားခဲ့သည့် ပြင်သစ်နိုင်ငံ ပါရီမြို့နှင့် အခြားမြို့ကြီးများတွင် ညမထွက်ရအမိန့်သစ် ထုတ်ပြန်ခဲ့ခြင်းကြောင့် လူသူကင်းမဲ့သွားခဲ့သည်။ နွေဦးကာလတွင် ၂ လကြာမြင့်သည့် ပိတ်ဆို့မှု စည်းမျဉ်းများကြောင့် စီးပွားရေးထိခိုက်နစ်နာခဲ့သည့် စားသောက်ဆိုင်ပိုင်ရှင်များက ညမထွက်ရအမိန့်သစ်ကို ကန့်ကွက်ပြီး စောဒကတက်ခဲ့ကြသော်လည်း ပါရီ၊ မာဆေး၊ လိုင်ယွန်၊ လိုင်လီ၊ တူးလု့စ် စသည့် မြို့များအပါအဝင် မြို့ ၉ မြို့တွင် ည ၉ မှ မနက် ၆ နာရီအထိ အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ လူနာသစ်များ တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ကိုဗစ်-၁၉ ပထမလှိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် အီတလီနိုင်ငံတွင်လည်း ပြီးခဲ့သည့်စနေနေ့က တစ်ရက်တာ စံချိန်တင် လူနာသစ်တွေ့ရှိခဲ့ခြင်းကြောင့် ကန့်သတ်မှု စည်းမျဉ်းသစ်တွေ ထုတ်ပြန်တော့မည်ဖြစ်သည်။ ပြီးခဲ့သည့်သောကြာနေ့က ကမ္ဘာတစ်ဝန်းတွင် COVID-19 လူနာသစ် တွေ့ရှိမှု ၄၀၀၀၀၀ ကျော် ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှ အစပြုခဲ့သည့် COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၃၉ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်း ရှိခဲ့သည်။                                                                                         Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ