နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ် ၇၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံတွင် အမျိုးသမီးတရားခံတစ်ဦးကို ကွပ်မျက်တော့မည်

အောက်တိုဘာ  ၁၈၊ ဝါရှင်တန်


အမေရိကန်နိုင်ငံမှာ နှစ် ၇၀ နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး အကျဉ်းသားတစ်ဦးကို ကွပ်မျက်တော့မည်ဖြစ်ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောသည်။ လီဆာမောင့်ဂိုမာရီသည် ၂၀၀၄ ခုနှစ်က မစ်ဆူရီပြည်နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်သတ်ပြီး ယင်း၏ဗိုက်ထဲမှာ သန္ဓေသားကို လှီးထုတ်ကာ ကလေးကို ပြန်ပေးဆွဲခဲ့သည်။ သို့သော် လီဆာမောင့်ဂိုမာရီမှာ ကလေးဘဝတွင် ခေါင်းကို ရိုက်နှက်ခံရခြင်းကြောင့် စိတ်ကျန်းမာရေးမကောင်းကြောင်း၊ ယင်းကို သေဒဏ်မချမှတ်သင့်ကြောင်း ယင်း၏ရှေ့နေများက လျှောက်လဲခဲ့ကြသည်။ လီဆာမောင့်ဂိုမာရီကို ဒီဇင်ဘာလ ၈ ရက်တွင် အင်ဒီယားနားပြည်နယ်တွင် ဆေးထိုးကွပ်မျက်မည်ဖြစ်သည်။ 

အမေရိကန်အစိုးရက နောက်ဆုံးကွပ်မျက်ခဲ့သည့် တရားခံအမျိုးသမီးမှာ ဘွန်နီဟာဒီဟု အမည်ရသူဖြစ်ပြီး ၁၉၅၃ ခုနှစ်က မစ်ဆူရီပြည်နယ်တွင် ဓာတ်ငွေ့ခန်းအတွင်း ကွပ်မျက်ခံခဲ့ရခြင်းဖြစ်ကြောင်း သေဒဏ်ဆိုင်ရာ သတင်းအချက်အလက်စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၁၉၉၉ ခုနှစ်က ကြံရာပါများနှင့်အတူ အငယ်တန်း ဝန်ကြီးများကို သတ်ဖြတ်ခဲ့သည့် တရားခံ ဘရန်ဒန်ဘားနက်ဒ်ကိုလည်း လာမည့်ဒီဇင်ဘာလ တွင် ကွပ်မျက်ရန် စီစဉ်ထားသည်။ အဆိုပါရာဇဝတ်မှုများမှာ ယုတ်မာရက်စက်လွန်းသည့် လူသတ်မှုများ ဖြစ်သည်ဟု အမေရိကန်အစိုးရရှေ့နေချုပ် ဝီလျံဘားက ပြောသည်။ သေဒဏ်ပြစ်ဒဏ်များ ပြန်လည်ချမှတ်တော့ မည်ဆိုခြင်းကို ပြီးခဲ့သည့်နှစ်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ