နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံတွင် မြေပြိုကျမှုကြောင့် အနည်းဆုံး စစ်သည် ၂၂ ဦး ပျောက်ဆုံး

အောက်တိုဘာ  ၁၈၊ ဟနွိုင်း


အောက်တိုဘာလ ၁၈ ရက် နံနက်အစောပိုင်းက ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကွမ်ထရီပြည်နယ်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး စစ်သည် ၂၂ ဦး ပျောက်ဆုံးခဲ့ကြောင်း ဗီယက်နမ်အစိုးရက ပြောသည်။ ဗီယက်နမ်နိုင်ငံ၏ အမှတ်(၄) တိုင်းစစ်ဌာနချုပ် တပ်ဖွဲ့၏ စစ်တန်းလျားတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဟု ဗီယက်နမ်အစိုးရက ထုတ်ပြန်ထားသည်။ ကွမ်ထရီပြည်နယ်ရှိ မြစ်များတွင်လည်း မြစ်ရေမှာ နှစ် ၂၀ ကျော် အတွင်း အမြင့်ဆုံးအမှတ်အထိ ရောက်ရှိခဲ့သည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ထွာသန်ဟူပြည်နယ်တွင်  မြေပြိုကျမှုကြောင့် စစ်သည်အများစု အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့သည်။ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း အဆိုးရွားဆုံး ရေကြီး ရေလျှံမှု ကြုံတွေ့လျက်ရှိသည်။ အောက်တိုဘာလအစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆၄ ဦး သေဆုံးခဲ့သည်။ လာမည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားသည်။ လာမည့် ဗုဒ္ဓဟူးနေ့အထိ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးရေချိန် ၆၀၀ မီလီမီတာအထိ ရွာသွန်းလိမ့်မည်ဟု ဗီယက်နမ်နိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။                                                            Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ