နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပစ်အခတ်ရပ်စဲရေး စတင်အကျုံးဝင်ပြီး မိနစ်ပိုင်းအတွင်း အဇာဘိုင်ဂျန်နိုင်ငံက စည်းမျဉ်းချိုးဖောက်ခဲ့ဟု အာမေးနီးယား စွပ်စွဲ

အောက်တိုဘာ  ၁၈၊ ယီရီဗန်


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသတွင် လူသားချင်းစာနာထောက်ထားသည့် အပစ်အခတ် ရပ်စဲရေး စတင်အကျုံးဝင်ခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း အဇာဘိုင်ဂျန်နိုင်ငံက စည်းမျဉ်း ချိုးဖောက်ခဲ့ကြောင်း အာမေးနီးယားနိုင်ငံက စွပ်စွဲခဲ့သည်။ တနင်္ဂနွေနေ့နံနက်က စတင်၍ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး စတင်အကျုံးဝင်ပြီးနောက် ၄ မိနစ်အကြာတွင် အဇာဘိုင် ဂျန်နိုင်ငံက အမြောက်ဆန်များ၊ ဒုံးကျည်များပစ်ခတ်ပြီး စည်းမျဉ်းချိုးဖောက်ခဲ့သည်ဟု အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

အဆိုပါစွဲချက်များနှင့်ပတ်သက်၍ အဇာဘိုင်ဂျန်နိုင်ငံက တုံ့ပြန်ခြင်းမရှိသေးပေ။  နာဂါနို- ကရာဘတ်ဒေသ ကို အဇာဘိုင်ဂျန်နိုင်ငံ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားသော်လည်း အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားသည်။ ပြီးခဲ့သည့်လက အဆိုပါဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်ကြားကာလအတွင်း အဆိုပါဒေသနှင့်ပတ်သက်၍ ၆ နှစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှာ အဆိုးရွားဆုံးဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ