နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံ၏ လုပ်ကြံမှုခံရနိုင်ဖွယ်ရှိသည်ဆိုသည့် သတင်းကြောင့် ပရပ်မြို့တော်ဝန်ကို ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပေးထား

ဧပြီ ၂၈၊ ပရပ်

ရဲတပ်ဖွဲ့၏ လုံခြုံရေးစောင့်ကြပ်မှု ခံယူနေရသည်ဟု ပရပ်မြို့တော်ဝန်က ပြောခဲ့သော်လည်း ဆိုဗီယက် စစ်သူရဲကောင်း၏ ရုပ်တုကို ဖယ်ရှားခဲ့ခြင်းကြောင့် ရုရှားနိုင်ငံ၏ ပစ်မှတ်ထားခြင်းခံနေရသည်ဆိုသော သတင်းများကို အတည်ပြုခဲ့ခြင်းမရှိပေ။

ဆိုဗီယက်ဗိုလ်ချုပ် အီဗန်ကိုနက်ဗ်ကို ရည်စူးပြီး ထုဆစ်ထားသည့် စစ်အေးခေတ်ရုပ်တုကို ဖြုတ်ချရန် ဦးဆောင်ဦးရွက်လုပ်ခဲ့ခြင်းကြောင့် ယခုလအစောပိုင်းတွင် ပရပ်မြို့တော်ဝန် ဇီနက်ဟာရစ်နှင့် ရုရှားအရာရှိများ ပဋိပက္ခဖြစ်ခဲ့သည်။ ဇီနက်ဟာရစ်၏လုပ်ရပ်မှာ မိတ်ဆွေမပီသကြောင်း ရုရှားသံအမတ်များက မှတ်ချက်ပေးခဲ့သည်။ ရုရှားနိုင်ငံက အီဗန်ကိုနက်ဗ်ကို သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ထားသော်လည်း ချက်နိုင်ငံသားများက ဆိုဗီယက်ခေတ် ကျူးကျော်မှု၏ ပြယုဂ်ဟု မှတ်ယူထားသည်။

''ကျွန်တော့်ကို ချက်နိုင်ငံ ရဲတပ်ဖွဲ့က ကာကွယ်စောင့်ရှောက်ပေးနေပါတယ်''ဟု ဇီနက်ဟာရစ်က ပြောသည်။
သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ရုရှားနိုင်ငံသားတစ်ဦးမှာ ဇီဝလက်နက်အဖြစ် အသုံးပြုနိုင်သည့် ရီဆင်အဆိပ် သယ်ဆောင်လာပြီး ပရပ်မြို့သို့ ရောက်ရှိလာသည်ဟု ပြီးခဲ့သည့်တနင်္လာနေ့တွင် ချက်နိုင်ငံ၏ အပတ်စဉ်ထုတ် မဂ္ဂဇင်း Respekt က ဖော်ပြသည်။ သို့သော် အဆိုပါသတင်းနှင့်ပတ်သက်၍ ချက်နိုင်ငံ ရဲတပ်ဖွဲ့နှင့် အစိုးရအရာရှိများက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။                              

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ