နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးသတ်ဆေးအကြောင်း မေးမြန်းသူများပြားလာခြင်းကို နားမလည်နိုင်အောင်ဖြစ်မိဟု ဒေါ်နယ်ထရမ့် ဆို

ဧပြီ  ၂၈၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန် ပိုးသတ်ဆေးထိုးသွင်းရမည်ဟု ပြောခဲ့ပြီးနောက် ပိုးသတ်ဆေးနှင့်ပတ်သက်၍ မေးမြန်းမှု မြင့်တက်လာခြင်းကို နားမလည်နိုင်အောင်ဖြစ်မိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

Hotline ဖုန်းနံပါတ်များတွင် ပိုးသတ်ဆေးအကြောင်း မေးမြန်းမှု မြင့်တက်လာခြင်းမှာ ဒေါ်နယ်ထရမ့်၏ မှတ်ချက်ကြောင့်ဖြစ်သည်ဟု မစ်ချီဂန်နှင့် မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးများက ပြစ်တင်ဝေဖန်ခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့်ကြာသပတေးနေ့ စာနယ်ဇင်းရှင်းလင်းပွဲတွင် ပိုးသတ်ဆေးအသုံးပြုပါက ကိုရိုနာ ဗိုင်းရပ်စ်ကို တစ်မိနစ်အတွင်းသတ်နိုင်သည်ဟု ပြောခဲ့ပြီး ပိုးသတ်ဆေးထိုးသွင်းမှုလုပ်ဖွယ်ရှိသည်ဟု ဆိုခဲ့သည်။
 
ဒေါ်နယ်ထရမ့်၏ အဆိုပါမှတ်ချက်နှင့်ပတ်သက်၍ ဆေးပညာရှင်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ သည်။ ပိုးသတ်ဆေးမှာ အန္တရာယ်ရှိသည့်ပစ္စည်းဖြစ်ပြီး သောက်မိပါက အဆိပ်သင့်စေနိုင်သည်။ သို့သော် ယင်း၏မှတ်ချက်မှာ ရယ်စရာသဘောမျိုး ပြောခဲ့ခြင်းဖြစ်ကြောင်း  ဒေါ်နယ်ထရမ့်က ပြောသည်။ ဒေါ်နယ်ထရမ့် က ယင်းကဲ့သို့ ပြောခဲ့ပြီးနောက် မေရီလန်းပြည်နယ်၏ အရေးပေါ် Hotline ဖုန်းနံပါတ်များတွင် ပိုးသတ်ဆေး အကြောင်း မေးမြန်းမှု များပြားလာခဲ့သည်။

'' နားမလည်နိုင်အောင်ပါပဲ။ (ပိုးသတ်ဆေးအကြောင်း မေးမြန်းမှု များပြားလာတဲ့အပေါ် တာဝန်ယူမလားလို့ သတင်းထောက်က မေးမြန်းချိန်မှာ)ဒီကိစ္စကို ကျွန်တော် တာဝန်မယူနိုင်ပါဘူး''ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။

မေရီလန်းပြည်နယ်တွင် ပိုးသတ်ဆေးထိုးခြင်း၊ ပိုးသတ်ဆေးသောက်ခြင်း မလုပ်ကြရန် ပြည်နယ်တစ်ဝန်း သတိပေးချက် ထုတ်ပြန်ခဲ့ရသည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ခဲ့ သည်။        

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ