ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ် ၂၈ ရက်၊ နံနက်ပိုင်းတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင်များက စုပေါင်းလှူဒါန်းငွေ ကျပ် (၇၈.၄) သိန်း ကို လာရောက်လှူဒါန်းမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ပါသည်။ . ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန