နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရ

အောက်တိုဘာ ၁၇၊ ပါရီ

ပြင်သစ်နိုင်ငံ ပါရီမြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးဒေသတွင် ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရသည့်ဖြစ်ရပ်မှာ အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောသည်။ အသတ်ခံရသည့် ကျောင်းဆရာမှာ ယင်း၏တပည့်များကို တမန်တော် မိုဟာမက်နှင့်ပတ်သက်သည့် အငြင်းပွားဖွယ် ကာတွန်းများ ပြသခဲ့သည်ဟု ဆိုသည်။ ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့သည့် တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။

ကျောင်းဆရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သင်ကြားပေးခဲ့သည့်အတွက် အသတ်ခံရခြင်းဟု မက်ခရွန်က ပြောသည်။ ''  သူတို့ အနိုင်ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်သွားမှာပါ'' ဟု မက်ခရွန်က ပြောသည်။ အောက်တိုဘာလ ၁၆ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီအချိန်တွင် ကျောင်းအနီး၌ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်သူနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။ ၂၀၁၅ ခုနှစ်က ချာလီဟက်ဒိုမဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ရုံးတင်စစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။ လွန်ခဲ့သည့် ရက်သတ္တသုံးပတ်ကလည်း ချာလီဟက်ဒိုမဂ္ဂဇင်းတိုက်၏ ရုံးခန်းဟောင်းအပြင်ဘက်တွင် အမျိုးသားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး ဒဏ်ရာရခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ