နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
remdesivir ဆေးက COVID-19 လူနာများ၏ အသက်ရှင်သန်နိုင်ခြေကို တိုးတက်ကောင်းမွန်စေခြင်းမရှိဟု WHO ၏ လေ့လာမှုတွင် တွေ့ရှိ

အောက်တိုဘာ ၁၇၊ ဂျီနီဗာ

ဗိုင်းရပ်စ်ဆေး remdesivir မှာ COVID-19 လူနာများ၏ အသက်ရှင်သန်နိုင်ခြေကို တိုးတက် ကောင်းမွန်စေခြင်းမရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)၏ လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ WHO မှာ remdesivir နှင့် ဟိုက်ဒရိုစီကလိုရိုကွင်းဆေး အပါအဝင် COVID-19 လူနာများကို ကုသပေးနိုင်ဖွယ်ရှိသည့် ဆေးဝါး ၄ မျိုး၏ အာနိသင်ကို ချင့်ချိန်သုံးသပ်ခဲ့ကြသည်။ အဆိုပါဆေးဝါး ၄ မျိုးကို နိုင်ငံ ၃၀ ကျော်ရှိ ဆေးရုံ ၅၀၀ တွင် အရွယ်ရောက်ပြီးသည့် လူနာစုစုပေါင်း ၁၁၂၆၆ ဦးတွင် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

remdesivir မှာ COVID-19 ရောဂါကို ကုသရာတွင် ပထမဆုံး အသုံးပြုသည့် ဆေးဝါးတစ်မျိုးဖြစ်ပြီး မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆေးရုံတက်စဉ်ကလည်း ယင်းကို remdesivir ဆေး ပေးခဲ့သည်။ သို့သော် remdesivir ဆေးနှင့်ပတ်သက်၍ WHO ၏ လေ့လာတွေ့ရှိမှုကို ဆေးဝါးထုတ်လုပ်သည့် Gilead ကုမ္ပဏီက ပယ်ချခဲ့သည်။ အဆိုပါလေ့လာတွေ့ရှိမှုမှာ အခြားလေ့လာသုံးသပ်မှုများနှင့် ကိုက်ညီမှုမရှိကြောင်း Gilead ကုမ္ပဏီက ပြောသည်။ WHO ၏ လေ့လာသုံးသပ်မှုတွင် ဗြိတိန်နိုင်ငံ၏ အထူးကြပ်မတ်ကုသဆောင်များရှိ COVID-19 လူနာများကို အသုံးပြုနေသော စတီးရွိုက်ဆေးတစ်မျိုးဖြစ်သည့် ဒက်ဆာမက်သဆုန်းဆေးဝါး ပါဝင်ခဲ့ခြင်းမရှိပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ