နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘန်ကောက်မြို့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မီးသတ်ပိုက်ဖြင့် လူစုခွဲ

အောက်တိုဘာ ၁၇၊ ဘန်ကောက်

လူစုလူဝေးလုပ်ခွင့် ပိတ်ပင်သည့် အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူ ၂၀၀၀ နီးပါးက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ရန် နှစ်ရက်ဆက်တိုက် စုဝေးဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က မီးသတ်ပိုက် အသုံးပြုကာ လူစုခွဲခဲ့ရသည်။ ပထမနေ့က စုဝေးပွဲကျင်းပရာနေရာတွင် အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ နေရာယူထားသော်လည်း ဆန္ဒပြသူများက အဆိုပါနေရာနှင့် မီတာရာချီ အကွာအဝေးတွင် စုဝေးပွဲလုပ်ခဲ့ကြသည်။ အစောပိုင်းတွင် လူအနည်းငယ်သာ ပါဝင်ခဲ့သော်လည်း အချိန်တိုအတွင်း လူထောင်ချီ ပါဝင်သည့် စုဝေးမှုဖြစ်လာခဲ့သည်။

လူငယ်တက်ကြွလှုပ်ရှားသူ အများစု ပါဝင်သည့် ဆန္ဒပြပွဲကို လူစုခွဲရန် ရဲတပ်ဖွဲ့က မီးသတ်ပိုက် အသုံးပြုခဲ့ပြီး ဆန္ဒပြသူများက ထီးများဖြင့်ကာပြီး ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများကို ပယ်ချပြီး ညမထွက်ရအမိန့် ထုတ်ပြန်ဖွယ်ရှိသည်ဟု သတိပေးခဲ့သည်။ ဆန္ဒပြသူများက ထိုင်းဘုရင်၏ လုပ်ပိုင်ခွင့်အာဏာကို ပြုပြင်ပြောင်းလဲရေးလုပ်ရန်၊ ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ