နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူအရေအတွက် စံချိန်တင်မြင့်တက်

အောက်တိုဘာ ၁၇၊ ဝါရှင်တန်

နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲပေးသူ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်ရွေးကောက်ပွဲအရာရှိများက ပြောသည်။ ပြီးခဲ့သည့်သောကြာနေ့အထိ အမေရိကန်နိုင်ငံသား ၂၂ သန်းကျော်က ကိုယ်တိုင်ကိုယ်ကျအားဖြင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း မဲပေးခဲ့ကြသည်ဟု အမေရိကန်ရွေးကောက်ပွဲ စီမံကိန်း အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ အလားတူအချိန်ကာလတွင် ကြိုတင်မဲပေးသူ ၆ သန်းသာ ရှိခဲ့သည်ဟု ဆိုသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အမေရိကန်ပြည်သူအများအပြားမှာ ရွေးကောက်ပွဲနေ့တွင် စုဝေးမဲပေးလိုခြင်းမရှိသည့်အတွက် ကြိုတင်မဲပေးကြခြင်းကြောင့် ကြိုတင်မဲ ပေးမှု စံချိန်တင်မြင့်တက်လာခဲ့ခြင်းဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ စာတိုက်မှ မဲပေးခွင့် လျှောက်ထားရာတွင် စည်းမျဉ်းတင်းကျပ်သည့် တက္ကဆက်ပြည်နယ်၌ ပြီးခဲ့သည့်အင်္ဂါနေ့က ပထမရက်အဖြစ် ကြိုတင်မဲပေးခွင့်ပြုခဲ့ရာ ကြိုတင်မဲပေးသူအရေအတွက် စံချိန်တင်ခဲ့သည်။

ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ဂျော်ဂျီယာပြည်နယ်တွင် ပြည်နယ်သမိုင်းတစ်လျှောက် စံချိန်တင်ပမာဏအဖြစ် ကြိုတင်မဲပေးသူ ၁၂၆၈၇၆ ဦး ရှိခဲ့သည်။ ကိုယ်စားလှယ်လောင်း နှစ်ဦးလုံးအတွက် ထောက်ခံမှု မတိမ်းမယိမ်းရှိသည့် အိုဟိုင်းအိုးပြည်နယ်တွင် စာတိုက်မှမဲပေးခွင့်ရရန် လူ ၂ ဒသမ ၃ သန်းကျော်က လျှောက်ထားခဲ့ကြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ