နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်တွင်နေရန် ညွှန်ကြားထားသော်လည်း ကယ်လီဖိုးနီးယားတောင်ပိုင်းကမ်းခြေများသို့ လာရောက်သူ စည်ကား

ဧပြီ   ၂၈၊ ဝါရှင်တန်

ပြီးခဲ့သည့်အားလပ်ရက်က ကယ်လီဖိုးနီးယားတောင်ပိုင်းပြည်နယ်တွင် ယခုရာသီ၏ ပထမဆုံး အပူလှိုင်း ကျရောက်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် စိုးရိမ်ပူပန်ကြ၍ ကမ်းခြေအများစုတွင် အသွားအလာ ခြောက်ကပ်ခဲ့သည်။ သို့သော် အောရိန့်ကောင်တီရှိ နယူးပို့တ်ကမ်းခြေတွင် ပါတီပွဲ ကျင်းပနေ သကဲ့သို့ စည်ကားခဲ့ပြီး သဲသောင်ပြင်ပေါ်တွင် အနားယူနေသည့် မိသားစုများကို တွေ့ရသည်။

'' လော့စ်အိန်ဂျလိစ်ကမ်းခြေတွေ၊ ဆန်ဒီယေဂိုကမ်းခြေတွေနဲ့ ကယ်လီဖိုးနီးယားမြောက်ပိုင်း ကမ်းခြေတွေ မှာ ဒီလိုမြင်ကွင်းမျိုး မြင်ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စည်းမျဉ်းတင်းတင်းကျပ်ကျပ် ချမှတ်ထားလို့ပါ။ အောရိန့်ကောင်တီနဲ့ ဗန်တူရာကောင်တီမှာ တွေ့ရတဲ့မြင်ကွင်းတွေကတော့ တားမြစ်ချက်ကို ဖောက်ဖျက်တဲ့ စံနမူနာပုံရိပ်တွေပါပဲ''ဟု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က ပြောသည်။

လော့စ်အိန်ဂျလိစ်ကောင်တီမှာ ၂၅ မိုင်ရှည်လျားသည့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းခြေ ၂၀ လုံးကို ပိတ်ထားသည်။ သို့သော် လော့စ်အိန်ဂျလိစ်ကောင်တီအနီးရှိ အောရိန့်ကောင်တီနှင့် ဗန်တူရာကောင်တီများက ယင်းတို့ဒေသရှိ ကမ်းခြေများကို ဖွင့်လှစ်နေဆဲပါပဲ။ အခြားကမ်းခြေများမဖွင့်ဘဲ အဆိုပါကောင်တီနှစ်ခုရှိ ကမ်းခြေများသာ ဖွင့်လှစ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ လူစည်ကားခဲ့ခြင်းဟု ဆိုသည်။       

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ