ရန်ကုန် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဧပြီ ၂၇ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျ ရောက်ခဲ့ပြီး အချို့သောနေရာများ၌ လေမိုးပြင်းထန်ခဲ့မှုကြောင့် ဓာတ်အားလိုင်းများပေါ်သို့ သစ်ပင်/သစ်ကိုင်းများ ကျိုးကျ၊လဲကျခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခဲ့သဖြင့် 66 kv ဘုရင့်နောင်-ရွာမ-စိန်ပန်းမြိုင် ဓာတ်အား လိုင်းသည် ဧပြီ ၂၇ ရက် နေ့လယ်တွင် ဓာတ်အားလိုင်းအပြစ်ဖြစ်ကာ အင်းစိန်မြို.နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်များရှိ ရပ်ကွက်နေရာအချို့တွင် ဓာတ်အားပြတ်တောက် မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါဓာတ်အားပြတ်တောက်သွားမှုကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မီးပြတ် တောက်သွားသည့် နေရာများသို့ အမြန်ဆုံးပြန်လည်ပေးနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ရာ ဓာတ်အားလိုင်းများကို ဧပြီ ၂၇ ရက် ညပိုင်းက ကောင်းမွန်စွာပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီဖြစ်သည်။
(WP)