အောက်တိုဘာ ၁၆
Samsung ၏ အလတ်တန်းစား တန်ဖိုးသင့် A- series မှ အသစ်ထွက်ရှိလာသည့် Galaxy A42 သည် Infinity U display ၊ Quad Cameras တို့ဖြင့် ထွက်ရှိလာပြီး အကြီးစား ဘက်ထရီပါဝါ အသုံးပြုလာသည်။ လူငယ်အကြိုက် A-Series ဖုန်းဖြစ်ပြီး ဆွဲဆောင်မှုရှိသည့် ဒီဇိုင်းနှင့် Specs တို့ ပါဝင်သည်။
ကျောဘက်တွင် စတုရန်းပုံစံကင်မရာကွက်ထဲ ကင်မရာလေးလုံး ထည့်သွင်းထားပြီး ကင်မရာအိမ်အောက် တွင် LED flash တစ်ခု ထည့်ပေးထားသည်။ ကျောဘက် panel သည် မတူသည့် texture grid လေးကန့် ခွဲထားသည့် ဒီဇိုင်း အသုံးပြုထားပြီး အနက်၊ မီးခိုးနှင့် အဖြူ အရောင်သုံးရောင်ထွက်ရှိထားသည်။
ကြီးမားသည့် ၆ ဒသမ ၆ လက်မ HD+ OLED display အမျိုးအစားဖြင့်ထွက်ရှိလာပြီး fingerprint ကိုလည်း on-screen စနစ် အသုံးပြုထားပြီး အသုံးပြုထားသည့် processor သည် ပြီးခဲ့သည့်လထဲတွင် Qualcomm မှ မိတ်ဆက်သွားသည့် Snapdragon 750G Processor ဖြစ်ပြီး mid-range 5G ဖုန်းထဲမှ ပြိုင်ဘက်များဖြစ်သည့် Pixel 4a 5G နှင့် OnePlus Nord တို့က ပိုမိုစွမ်းရည်မြင့်သည့် Snapdragon 765G Processor ဖြင့်ထွက်ရှိလာသည်။
Galaxy A42 5G သည် RAM 4GB/8GB ၊ 128GB storage ဖြင့်ထွက်ရှိထားပြီး microSD card မှ1TB အထိ ထပ်တိုးနိုင်မည်ဖြစ်ပြီး ဘက်ထရီပါဝါသည် 5000 mAh ပါဝင်ကာ 15W Adaptive Fast Charging စနစ်ဖြင့် ထွက်ရှိလာသည်။ Infinity U cutout ထဲတွင် 20MP selfie ကင်မရာ ထည့်သွင်းထားပြီး ကျောဘက်တွင် 48MP wide lens ၊ 8MP ultrawide lens ၊ 5MP macro နှင့် 5MP depth sensor လေးလုံးတွဲကင်မရာ ပါရှိသည်။
ဆော့ဖ်ဝဲလ်ပိုင်းအနေဖြင့် Android 10 ဖြင့်ထွက်ရှိလာသည့် One UI 2 အသုံးပြုထားသည့် အဆိုပါ Galaxy A42 5G ကို ယူကေဈေးကွက်တွင် ၃၄၉ ပေါင် (မြန်မာငွေ ၅ သိန်း ၈ သောင်းကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်သည်။
(WP)