နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျကုသရန်လိုအပ်

အောက်တိုဘာ   ၁၆


ကမ္ဘာတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုများ မြင့်တက်လာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အသိပေးထားသည်။ ၂၀၁၉ ခုနှစ်အတွင်း တီဘီရောဂါခံစားရသူ ၁၀ သန်း နီးပါးရှိပြီး ယင်းတို့အနက် ၁ ဒသမ ၄ သန်းခန့် သေဆုံးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်း COVID-19  ရောဂါ ကူးစက်မှုကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တီဘီရောဂါသည်များကို ဆေးကုသပေးရာတွင် ပိုမိုဂရုစိုက်စောင့်ရှောက်ရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများကို တိုက်တွန်းထားသည်။

COVID-19  ရောဂါ ကူးစက်ပြန့်ပွားပုံသည် လေမှတစ်ဆင့်၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပြန့်ပွားမှု ဆင်တူရောဂါလက္ခဏာတစ်ခုမှာ တီဘီရောဂါဖြစ်ကြောင်း၊ တီဘီရောဂါအများဆုံးဖြစ်ပေါ်သည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း တီဘီရောဂါနှင့် COVID-19  ရောဂါကို ခွဲခြားပြီး ရှာဖွေရန် လိုအပ်ကြောင်း ဒေါက်တာစည်သူအောင် ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး) ကိုဗစ်အကြောင်း သိကောင်းစရာအမေးအဖြေ ဆွေး‌နွေးရာတွင် ထည့်သွင်းပြောကြား အသိပေးထားသည်။

တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့် ဖြစ်စေသော ကူးစက်ရောဂါ တစ်မျိုးဖြစ်၏။ ရောဂါရှိသောလူနာမှ ချောင်းဆိုး၊ နှာချေ၊ စကားပြောသောအခါ လေထဲမှတစ်ဆင့် နောက်တစ်ဦး သို့ ကူးစက်နိုင်၏။ တီဘီရောဂါလက္ခဏာများမှာ နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း၊ ချောင်းဆိုးသောအခါ သွေးပါခြင်း၊ သလိပ်ပါခြင်း၊ အစားအသောက်ပျက်ခြင်း၊ တဖြည်းဖြည်းပိန်လာခြင်း၊ တငွေ့ငွေ့ဖျားခြင်း၊ ညဘက်ချွေးထွက်များခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ အထက်ပါ အခြေအနေများဖြစ်ပေါ်လာပါက နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဌာန များတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ အရည်အသွေးပြည့်တီဘီဆေးများဖြင့် ကုသနိုင်သည်။

တီဘီဆေးများကို နေ့စဉ် အချိန်မှန်မှန် နံနက်စောစောတွင်တစ်ကြိမ် အစာနှင့်ခြား၍ သောက်သုံးရမည်။ ဆရာဝန်၊ မိသားစုဝင်တစ်ဦးဦး၏ တိုက်ရိုက်စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် သောက်ရပါမည်။ တီဘီရောဂါပိုး သည် အသက်အလွန်ပြင်းသည့်အတွက် တီဘီပိုးကင်းရှင်းသည်အထိ ခြောက်လမှ ရှစ်လကြာ မပျက်မကွက် နေ့စဉ် အချိန်မှန်မှန် ဆေးသောက်ရန်လိုအပ်သည်။ တီဘီကုသဆေးသောက်သုံးနေစဉ်အတွင်း သာမန် ဘေးထွက်ဆိုးကျိုးအချို့ ဖြစ်ပေါ်တတ်သဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြသ၍ စောင့်ရှောက်မှုကို ခံယူသင့် သည်။ တီဘီရောဂါသည် အနာသိ ဆေးရှိပြီးဖြစ်ရာ ကျန်းမာရေးဝန်ထမ်းတို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာ သောက်သုံးပေးရုံဖြင့် သက်သာပျောက်ကင်းလာနိုင်ပြီဖြစ်ရာ ဝေဒနာရှင်များဘက်မှ စနစ်တကျ သောက်သုံး စေချင်ကြောင်း . . . . . ။         ။






အခြားဆက်စပ်သတင်းများ