ရန်ကုန် ဧပြီ ၂၈ မကြာမီကျရောက်မည့် မိုးကာလအတွက် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို မြို့နယ် ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့မှ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အတွင်းရှိ ရပ်ကွက် များတွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြသည်။ ယခုကာလ ရေစီးရေလာလုပ်ငန်းများဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ရှိ ရပ်ကွက်များဖြစ်သည့် (၁၆/၂၇/၂၈/၂၉/၃၀/၃၁/၃၂/၃၃/၃၄/၃၅/၃၆/၃၇/၃၈/၃၉/၄၀) စသည့်ရပ်ကွက်များတွင် သုံးတန်ခွဲ ဘတ်ဟိုးယာဉ်တစ်စီးဖြင့် အလှည့်ကျ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် လည်းကောင်း၊(၄၁-ပင်မ/၄၁-တိုးချဲ့/၄၂/၄၃/၄၄/၄၅/၄၆/၄၇/၄၈/၄၉/၅၀/၅၁) စသည့် ရပ်ကွက်များတွင် သုံးတန်ခွဲဘတ်ဟိုးယာဉ်တစ်စီးဖြင့် အလှည့်ကျ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ကျန်ရှိနေသည့် (၃၅) ရပ်ကွက် ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်နေမှု၊ (၄၅) ရပ်ကွက်ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများ၊ (၄၈) ရပ်ကွက် ရေစီးရေလာကောင်းမွန်စေရန်ဆောင်ရွက်နေမှုတို့ကို လည်း ဆက်လက်ဆောင်ရွက်ဆဲ လုပ်ဆောင်လျက်ရှိသည်။ (WP)