နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာအေးစေတီတော်မြတ်ကြီးအား လာမည့်မေလတွင်လည်း ဆက်လက် ပိတ်ထားမည်

ရန်ကုန် ဧပြီ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား ဧပြီ လကုန်ပြီးနောက် လာမည့်မေလတွင်လည်း ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဘုရား ဂေါပကအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကို တစ်ဖက်တစ်လမ်းမှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သော ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ အချိန်ပြည့် ပိတ်ထားခဲ့ရာမှ ဧပြီလကုန်အထိ ရက်တိုးမြှင့်ကာ ဆက်လက်ပိတ်ထားကြောင်း သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယခုတစ်ဖန် နိုင်ငံတော်မှနေ၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ယခု ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်သည့်နည်းတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား လာမည့်မေလတွင်လည်း ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အများပြည်သူသိရှိစေရန် ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ခံရသူဦးရေသည် အခြားဒေသ များထက် ပိုမိုများပြားသောကြောင့် တတ်နိုင်သမျှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးအား ဆက်လက်ပိတ်ထားရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းကာ ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ