နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် COVID-19 လူနာသစ်များ တစ်ဟုန်ထိုးမြင့်တက်လာ

အောက်တိုဘာ ၁၆၊ ပါရီ


လာမည့်စနေနေ့တွင် ပါရီနှင့် အခြားမြို့ ၈ မြို့၌ ညမထွက်ရအမိန့် မထုတ်ပြန်မီ COVID-19 ရောဂါ ကူးစက်ခံရသည့် လူနာသစ်များ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က COVID-19 လူနာ ၂၂၅၉၁ ဦးသာ ရှိခဲ့သော်လည်း ပြီးခဲ့သည့်ကြာသပတေးနေ့က လူနာသစ် ၃၀၆၂၁ ဦးအထိ ရှိခဲ့သည်။


လူ့အသက်များကို ကယ်တင်နိုင်ရန် တင်းကျပ်သည့် ကန့်သတ်မှုစည်းမျဉ်းများ ချမှတ်ရန် လိုအပ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေးထားသည်။ ဥရောပတိုက်တစ်ဝန်းရှိ နိုင်ငံများတွင် COVID-19 ဒုတိယလှိုင်း ရင်ဆိုင်နေရပြီး လူသန်းပေါင်းများစွာအနေဖြင့် တင်းကျပ်သည့် စည်းမျဉ်းများဖြင့် နေထိုင်ရမည်ဖြစ်သည်။


ဗြိတိန်နိုင်ငံမြို့တော်လန်ဒန်မြို့နှင့် အခြားဒေသများတွင် တင်းကျပ်သည့် သတိပေးချက်များ ထုတ်ပြန်ထားရာ လန်ဒန်မြို့တွင် အဆောက်အအုံအတွင်း လူမှုဆက်ဆံရေး အခမ်းအနားများ ကျင်းပခြင်းကို လာမည့်စနေနေ့မှ စတင်၍ ပိတ်ပင်မည်ဖြစ်သည်။ စမ်းသပ်မှုများ အကြီးအကျယ် စတင်ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့်ကြာသပတေးနေ့က ပြင်သစ်၊ အီတလီ၊ ပိုလန်နှင့် ဂျာမနီနိုင်ငံများတွင်လည်း တစ်ရက်အတွင်း စံချိန်တင် လူနာသစ် တွေ့ရှိခဲ့သည်။

ရုရှားနိုင်ငံမှာလည်း COVID-19 ကူးစက်ပျံ့နှံ့မှု စတင်ခဲ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း စံချိန်တင် လူသေဆုံးမှုအဖြစ် COVID-19 လူနာ ၂၈၆ ဦး သေဆုံးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ