နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၂ နှစ်အရွယ် ကလေးငယ်က ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိ

အောက်တိုဘာ ၁၆၊ အော့တဝါ


အသက် ၁၂ နှစ်အရွယ် ကလေးငယ်က နှစ်သက်တမ်း ၆၉ သန်းရှိသည့် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ နာသန်ဟု အမည်ရသည့် ကလေးငယ်မှာ ပြီးခဲ့သည့်ဇူလိုင်လက ကနေဒါနိုင်ငံ အယ်ဘာတာမြို့ရှိ ကျောက်ဖြစ်ရုပ်ကြွင်း ပေါများသည့်နေရာတွင် ဖခင်နှင့်အတူ တောင်တက်နေစဉ် တောင်စောင်းရှိ ကျောက်သားထဲမှ ထိုးထွက်နေသည့် အရိုးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျောက်သားထဲမှ ထိုးထွက်နေသည့် အရိုးကို တူးဖော်ခဲ့ရာ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် တူးဖော်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်ခဲ့သည်။


''စိတ်လှုပ်ရှားဖို့တောင် မေ့သွားတယ်။ ဒိုင်နိုဆောအရိုးစုကို တကယ်တွေ့လိုက်ရလို့ အရမ်းကို တုန်လှုပ်ခဲ့ပါတယ်'' ဟု နာသန်က ပြောသည်။ နာသန်မှာ အသက် ၆ နှစ်သားအရွယ်ကတည်းက ဒိုင်နိုဆောများကို စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး အယ်ဘာတန်ဘတ်လန်းဒေသရှိ ကနေဒါနိုင်ငံ၏ သဘာဝ            ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်သို့ ဖခင်ဖြစ်သူနှင့်အတူ မကြာခဏ တောင်တက်လေ့ရှိသည်။ နာသန်သည် လွန်ခဲ့သည့် နှစ်ကတည်းက ကျောက်ဆောင်ထဲမှ ပဲ့ကျလာသည့် ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစများ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်နွေရာသီတွင် အဆိုပါကျောက်ဆောင်ကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ရာ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ