နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘောလိဝုဒ်ကြယ်ပွင့် ဆန်ဂျေးဒက် အဆုတ်ကင်ဆာရောဂါ ခံစားနေရ

အောက်တိုဘာ ၁၆၊ နယူးဒေလီ


ဘောလိဝုဒ်ကြယ်ပွင့် ဆန်ဂျေးဒက်က ကင်ဆာရောဂါ ခံစားနေရကြောင်း အတည်ပြုခဲ့သည်။ အင်စတာဂရမ်ပေါ် တင်ထားသည့် ဗီဒီယိုတွင် အသက် ၆၁ နှစ်အရွယ်ရှိသည့် ဆန်ဂျေးဒက်က ကင်ဆာရောဂါ ခံစားနေရကြောင်း အတည်ပြုခဲ့ပြီး ကင်ဆာရောဂါကို မကြာမီ အနိုင်ယူသွားမည်ဟု ပြောခဲ့သည်။ ရုပ်ရှင်ဇာတ်ကား ၁၅၀ ကျော် ရိုက်ကူးခဲ့သည့် ဆန်ဂျေးဒက်မှာ လာမည့်နိုဝင်ဘာလတွင် ရုပ်ရှင်ဇာတ်ကားသစ် စတင်ရိုက်ကူးသွားမည်ဟု ဆိုသည်။


ဆန်ဂျေးဒက်သည် ပြီးခဲ့သည့်သြဂုတ်လက အသက်ရှူကျပ်သည့် ဝေဒနာ ခံစားရ၍ မွမ်ဘိုင်းမြို့ရှိ လီလာဝတီဆေးရုံတွင် COVID-19 ရောဂါပိုး စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိခဲ့သော်လည်း အဆုတ်ကင်ဆာ ရောဂါ ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။


ဆန်ဂျေးဒက်သည် ၁၉၉၃ ခုနှစ်က လူ ၂၅၇ ဦး သေဆုံးခဲ့ပြီး လူ ၇၁၃ ဦး ဒဏ်ရာရစေခဲ့သည့် ပေါက်ကွဲမှုနှင့်စပ်လျဉ်းသည့် လက်နက်ကိုင်ဆောင်မှုဖြင့် စီရင်ချက် ချမှတ်ခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ထောင်မှပြန်လွတ်လာပြီးနောက် ရုပ်ရှင်ဇာတ်ကား များပြန်လည်ရိုက်ကူးခဲ့သည်။


ဆန်ဂျေးဒက်၏ မိခင်မှာ ပန်ခရိယကန်ဆာဖြင့် ၁၉၈၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ယင်း၏ ပထမဇနီးသည် ရီချာရှာမာမှာလည်း ဦးနှောက်ကင်ဆာရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ