နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာကာသအတွင်းရှိ စွန့်ပစ်ပစ္စည်းဟောင်းနှစ်ခု တိုက်မိခဲ့ခြင်းမရှိ

အောက်တိုဘာ ၁၆၊ ဝါရှင်တန်


တစ်ခုနှင့်တစ်ခု နီးကပ်စွာ ဖြတ်သန်းသွားခဲ့သည့် အာကာသအတွင်းရှိ စွန့်ပစ်ပစ္စည်းဟောင်း နှစ်ခု တိုက်မိခဲ့ခြင်းမရှိကြောင်း ရေဒါဖြင့် ခြေရာခံစောင့်ကြည့်သည့် LeoLabs ကုမ္ပဏီက ပြောသည်။ ရုရှားနိုင်ငံ၏ ဂြိုဟ်တုဟောင်းနှင့် တရုတ်နိုင်ငံ၏ ဒုံးပျံအပိုင်းအစတို့မှာ ၂၅ မီတာအကွာမှ ဖြတ်သန်းသွားကြမည်ဟု ခန့်မှန်းခဲ့ကြသည်။


သို့သော် အခြားကျွမ်းကျင်ပညာရှင်များကလည်း အဆိုပါစွန့်ပစ်ပစ္စည်းဟောင်းနှစ်ခု ဖြတ်သန်းသွားမည့် အကွာအဝေးမှာ ဝေးကွာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ၂ ခုပေါင်း အလေးချိန် ၂ ဒသမ ၅ တန်ကျော်ရှိပြီး တစ်နာရီ ၃၂၈၀၀ အရှိန်အဟုန်ဖြင့် ပျံဝဲနေသည့် အရာဝတ္တု ၂ ခု တိုက်မိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး အပျက်အစီးအပိုင်းအစများ လွှင့်စင်ပျံဝဲစေမည်ဖြစ်သည်။


သို့သော် ပြီးခဲ့သည့်သောကြာနေ့က အန္တာတိကတိုက်ပေါ်တွင် အပျက်အစီးအပိုင်းအစများ မတွေ့ရှိခဲ့ပေ။ အမြင့်ကီလိုမီတာ ၁၀၀၀ နီးပါးတွင် ရှိသည့် အပျက်အစီးအပိုင်းအစများမှာ အာကာသထဲတွင် အချိန်ကြာရှည်စွာ ရှိနေမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေသည့် ဂြိုဟ်တုများအတွက် အန္တရာယ်ဖြစ်စေနိုင်မည်ဖြစ်သည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ