နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုံမှန်စမတ်နာရီတစ်လုံးဖြင့် မတူကွဲပြားနေသည့် Nubia Watch

အောက်တိုဘာ  ၁၅


Nubia Watch သည် ပုံမှန်စမတ်နာရီတစ်လုံးဖြင့် ကွဲပြားနေသည့် display ဒီဇိုင်း အသုံးပြုထားသည့် နာရီဖြစ်ပြီး နာရီ၏ display အတိုင်းအတာသည် လက်ကောက်ဝတ်ပတ်လည် ဖုံးလုနီးပါး ရှည်လျားသည့် ၄ ဒသမ ၀၁ လက်မဖြစ်ပြီး ကိုယ်ထည်ပိုင်းသည် Stainless Steel ဖြင့် အလူမီနီယံ အသုံးပြုပေးထားကာ နာရီကြိုးကို ဆီလီကွန်ကြိုးနှင့် လယ်သာကြိုးနှစ်မျိုး ထုတ်လုပ်ပေးထားသည်။

နာရီအိုးဘေးဘောင်တွင် Crown ချိန်သီးခလုတ်တစ်ခု ထည့်သွင်းပေးထားပြီး  Nubia Watch သည် eSIM Support ပါဝင်သည့် နာရီဖြစ်သောကြောင့် ဖုန်းမလိုဘဲ ချိတ်ဆက်မှုများ လုပ်ဆောင်နိုင်သည့်စွမ်းဆောင်ရည်မျိုးရှိသည်။

ကွန်ရက်ချိတ်ဆက်မှုအဖြစ် NFC ၊ Bluetooth 5.0 နှင့် WiFi တို့လည်း ပါရှိသည့် Nubia Watch သည် ပုံမှန်စမတ်ဖုန်းတစ်လုံးတွင် တွေ့နေကျ Workout features များပါရှိပြီး နှလုံးခုန်မှု ခြေရာခံစနစ်လည်း အသုံးပြုနိုင်သည်။ 

ရေစိုခြင်းနှင့် ဖုန်တင်ခြင်းအတွက် IP54 rating ခံနိုင်ရည် ပါရှိပြီး Midnight Black နှင့် Army Green နှစ်ရောင်ထွက်ရှိလာသည့် အဆိုပါ Nubia Watch နာရီကို အမေရိကန်၊ ကနေဒါ၊ အီးယူနိုင်ငံနှင့် ယူကေတို့တွင် စတင်ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(WP)






အခြားဆက်စပ်သတင်းများ