နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
AYA mBanking 2.0၊ AYA iBanking နှင့် AYA Pay အသုံးပြုပြီး မီတာဘေလ် ပေးဆောင်ခြင်းဖြင့် Samsung Note 20 Ultra နှင့် ဖုန်းဘေလ်များ ကံထူးနိုင်မည်

ရန်ကုန်  အောက်တိုဘာ  ၁၅


AYA mBanking အသုံးပြုပြီး မီတာဘေလ်ပေးဆောင်နေရသည့် မိဘပြည်သူများကို  ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် လစဉ် Samsung Note 20 Ultra ဖုန်းတစ်လုံးနှင့် အခြားကံထူးရှင်အယောက် ၁၀၀ ကို ဖုန်းဘေလ် မဲဖောက်ပေးသွားမည်ဖြစ်သည်။ 

ပရိုမိုးရှင်းကာလက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိဖြစ်ပြီး ကံထူးရှင်များကို တစ်လတစ်ကြိမ် မဲဖောက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။ ပရိုမိုးရှင်းကာလအတွင်း ကံထူးပြီးသားသူများလည်း နောက်လများတွင်လည်း ထပ်မံကံထူးနိုင်မည်ဖြစ်သည့်အတွက် လစဉ်ပေးဆောင် ရမည့် မီတာဘေလ်များကို AYA mBanking 2.0၊ AYA iBanking နှင့် AYA Pay တို့ဖြင့် ပေးဆောင်ကာ ကံထူးမှုများစွာကို ရရှိနိုင်မည်ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ ရှမ်း၊ ကရင်၊ ကယားနှင့် မွန် အစရှိ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် သက်သာသောဝန်ဆောင်ခဖြင့် မီတာဘေလ်ပေးဆောင်နိုင်ပြီဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ