နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၊ ဘူတာများ အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ဇွန်လအတွင်း အပြီးဆောင်ရွက်သွားမည်

ရန်ကုန် ဧပြီ ၂၈ မြန်မာ့မီးရထားအနေနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်သည့် လုပ်ငန်းစီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်သည့် စီမံကိန်းလုပ်ငန်းတွင် ရထားသံပေါင်များ ပြုပြင်ခြင်း၊ ရထားလူကူး ခုံးကျော်တံတားများ ပြန်လည်တည်ဆောက်ခြင်း၊ ရထားဘူတာ များတွင် ခြံစည်ရိုးခတ်ခြင်းနှင့် မြို့ပတ် ရထားဘူတာများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများပါဝင်သည်။ အဆိုပါမြို့ပတ်ရထားဘူတာများအနက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်တွင် ဘူတာပေါင်း ၂၅ ခုအား အဆင့် မြှင့်တင် ဆောင်ရွက်ပြီးဖြစ်သည်။ ထို့ကြောင့် ဆက်လက်ဆောင်ရွက်ရန် ဘူတာ ၁၂ ဘူတာ ကျန်ရှိနေသည်။ အဆိုပါအဆင့်မြှင့်တင်ဆောင်ရွက်ရန် ကျန်ရှိနေသည့် မြို့ပတ်ရထားဘူတာ ၁၂ ဘူတာ၏အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ပတ်ရထား လမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းစီမံကိန်းမှ မြို့ပတ်ရထားဘူတာများ အဆင့်မြှင့်တင် ဆောင်ရွက်မှုလုပ်ငန်း များမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းစီမံကိန်းများမှ မီးရထားသံလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းများမှာလည်း သံလမ်းအရှည် ၅၁ မိုင်ကျော်အထိ ဆောင်ရွက် ပြီးဖြစ်သည်။ ရန်ကုန်မြိုပတ်ရထားလမ်း၏ သံလမ်းအရှည်မှာ ၅၉ မိုင်ရှိသည်။ အဆိုပါ မီးရထားသံလမ်းအဆင့်မြှင်တင်ဆောင်ရွက်မှုလုပ်ငန်းတွင် လက်ရှိ သံလမ်းများအား ၉ ချောင်းဆက်သံလမ်းများနှင့် အစားထိုးလဲလှယ်ခြင်း၊ လမ်းခင်းကျောက်များ ဖြည့်တင်း ဆောင်ရွက်ခြင်း၊ ရထားလမ်းကူးတံတားများအား ပြုပြင်မွမ်းမံပြင်ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ဂျပန်နည်းပညာများဖြင့် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အရည်အသွေးမီ စံချိန်စံနှုန်းများ ပြည့်မီသော မြို့ပတ်ရထားလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာမည်ဖြစ်ပြီး ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်း လုပ်ငန်းကြီးအားလုံးမှာ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ (ကိုသာစစ်)






အခြားဆက်စပ်သတင်းများ