နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကာကွယ်ရေး လူစုလူဝေးများဖြစ်ပေါ်စေမည့် အခမ်းအနား၊ အလှူနှင့်မင်္ဂလာပွဲ များကိုမတ်လ(၂၈)ရက်နေ့မှဧပြီလ(၃၀)ရက်နေ့အထိ ထန်းတပင်မြို့နယ်တွင်ရပ်ဆိုင်းသွားရမည်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြိုနယ်အတွင်း၌ COVID-19 ရောဂါဖြစ်ပွားမှုများမရှိစေရေးနှင့်ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း လူစုလူဝေးများဖြစ်ပေါ်စေမည့် အခမ်းအနားများ၊ အလှူနှင့်မင်္ဂလာပွဲလမ်းသဘင်များကို မတ်လ ၂၈ ရက်မှစတင်၍ဧပြီလ ၃၀ ရက်အထိ မြို့နယ်အတွင်း ကျင်းပခွင့်မပြုတော့ဘဲ ရပ်ဆိုင်းသွားရမည်ဖြစ်ကြောင်း မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက လူစုလူဝေးများပြားရာ နေရာများ၊ ပွဲလမ်းသဘင်များရှိရာနေရာများတွင် COVID-19ရောဂါသည် လျင်မြန်စွာကူးစက်နိုင်သည့် အတွက် လူစုလူဝေးများဖြစ်ပေါ်စေမည့် အခမ်းအနားများကျင်းပခြင်း၊ အလှူနှင့်မင်္ဂလာပွဲလမ်းသဘင်များ ကျင်းပပြုလုပ် မှုများကိုမတ်လ ၂၈ ရက်မှစတင်၍ ဧပြီလ ၃၀ ရက်အထိရပ်နားသွားရေးနှင့် Social Mediaပေါ်သို့ပြည်သူ များထိတ်လန့်စေမည့် သတင်းအမှားများတင်နေခြင်းများတားမြစ်နိုင်ရေး အတွက်မြို့နယ်အတွင်းအသိပေး ကြော်ငြာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက COVID-19ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြ သည်။ ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးရှိ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင် ရောက်လာသူများအားအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ သတ်မှတ်နေရာအလိုက် (၁၄)ရက်တာစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်မှုရှိပါက ၎င်းတို့၏နေအိမ်များသို့ ပြန်လည် နေထိုင်စေလျက် ရှိပြီး ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများနှင့်စပ်လျဉ်း၍လည်း ဒေသခံရပ်ကွက်၊ ကျေးရွာနေပြည်သူများအနေဖြင့်သတင်းရရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်ရာ ကျန်းမာရေးဌာနမှတာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ဆောင်ရွက် သွားကြရန်နှင့်ကောလာဟလ သတင်းများနှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် ကျေးလက်ကျန်းမာရေးဌာနမှတာဝန်ရှိသူများထံတွင် မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။ ထို့အပြင် ရပ်ကွက်/ကျေးရွာနေပြည်သူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော COVID-19ရောဂါနှင့် ပတ်သက်သည့် ကာကွယ် ရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုလည်း မြို့နယ် အတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ . ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ