ရန်ကုန် အောက်တိုဘာ ၁၄
ကမ္ဘာ့လူသားအားလုံး နေ့စဉ်လိုအပ်နေသည့် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးရှိ အစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြပေသည်။ လူတိုင်းသက်တမ်းစေ့နေနိုင်ရေးအတွက် အာဟာရပြည့်ဝ သော စားနပ်ရိက္ခာများ ထုတ်လုပ်ရရှိရန်လည်း လိုအပ်သည်။ ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရပြည့်ဝမှုအပေါ် စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိက ကျသည်။ စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာခြင်းသည် ငတ်မွတ်သူပပျောက်ရေးအစီအစဉ်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍာသည် ထိန်းချုပ်နိုင်စွမ်း မရှိသည့် သဘာဝသယံဇာတနှင့် ရာသီဥတုအပေါ်မှီခိုရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရာတွင် အခက်အခဲများစွာ ရှိနေသည်။ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စားနပ်ရိက္ခာဖူလုံမှု ကို များစွာအထောက်အကူပြုမည့် အစိမ်းရောင်စီးပွားရေးစနစ်သည် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအနေဖြင့် စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိသော်လည်း နောင်တိုးပွားလာမည့် လူဦးရေ အတွက် ရေရှည်မျှော်မှန်းပြီး ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သည့် စားနပ်ရိက္ခာအားလုံး၏ သုံးပုံတစ်ပုံသည် အလဟဿအလေအလွင့် ဖြစ်ခဲ့ရကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ်ချိန်ပျက်စီးဆုံးရှုံးရ ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရာတွင် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့၏ ပံ့ပိုးမှုဖြင့် ထင်ရှားသော ဖြစ်ထွန်းမှုများ ရရှိခဲ့သည်။ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဆင်းရဲနွမ်းပါးမှုနှင့် မမျှတမှုအဆုံးသတ်ရေး ရည်မှန်းချက် အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အာဟာရချို့တဲ့သည့် ကလေးသူငယ်မရှိသော ကမ္ဘာကြီးဖြစ် စေရန်နှင့် လူသားတိုင်းအာဟာရပြည့်ဝသည့် အစားအစားလုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။
အာဟာရချို့တဲ့ခြင်း၏ အဓိကအကြောင်းအရင်းမှာ အာဟာရပြည့်ဝသော အစားအစာများကို မစားသုံးရ ခြင်း၊ မစားသုံးနိုင်ခြင်း၊ ရွေးချယ်မစားသုံးတတ်ခြင်းနှင့် ကျန်းမာရေးမှု အားနည်းခြင်းတို့ကြောင့်ဖြစ်ပြီး ယင်း အာဟာရချို့တဲ့မှုကို သင့်တင့်မျှတပြီး အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးခြင်းဖြင့် ကာကွယ်နိုင် သည်။ ကျေးလက်နေပြည်သူများအနေဖြင့် အာဟာရချို့တဲ့ခြင်းကို ကာကွယ်နိုင်ရန် မိမိဒေသထွက် အာဟာရ အုပ်စုသုံးစုတွင်ပါဝင်သည့် အစားအစာများကို မျှတစွာစားသုံးရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ရင်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်စေချင်ကြောင်း ။ ။