နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလ အွန်လိုင်းဟက်ကာများ၏အန္တရာယ်မှ ဆောင်ရန်၊ ရှောင်ရန် လုပ်ဆောင်ရမည့်အချက်များ

ရန်ကုန်  အောက်တိုဘာ  ၁၄


ကမ္ဘာ့ကူးစက်ကပ်ရောဂါ COVID-19 ကြောင့် ရုံးပြင်ပနှင့် နေအိမ်မှတစ်ဆင့် အလုပ်လုပ်ရသည့်နှုန်း မြင့်တက်လာသည်နှင့်အမျှ အဆိုပါအခြေအနေပေါ်အခွင့်ကောင်းယူပြီး ဟက်ကာများဖြင့် အွန်လိုင်းပေါ်က မသမာသူများက ကိုယ်ရေးကိုယ်တာအပြင် လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်များကို ရယူတတ်လာကြ သည်။ ထိုသို့အဖြစ်များလာသည့် ခြိမ်းခြောက်မှုများမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အပြင် အမြဲ #BeCyberReady ဖြစ်နေရန် အိမ်မှ အလုပ်လုပ်နေရသူများအတွက် ဦးစားပေး ဆောင်ရန်၊ ရှောင်ရန်များကို အကြံပြု ပြောပြပေးထားသည်။

ဦးစားပေးလုပ်ဆောင်သင့်သည့်အချက်များမှာ လုပ်ငန်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာသုံးစွဲမှုများ အတွက် Password များကို သီးခြားစီထားရှိရမည်။ မိမိသတ်မှတ်ထားသော password များသည် အနည်းဆုံး ၁၆ လုံး ပါရှိရမည်။  သုံးစွဲနေသည့် Device များတွင်း Software များကို အပတ်စဉ် ပုံမှန် Update လုပ်ပေးရမည်။ အဆင့်များစွာခံထားသော အတည်ပြုစနစ် (Multi-factor authentication) ကို တတ်နိုင်သမျှ အသုံးပြုရမည်။

ရှောင်ရှားရမည့်အချက်များမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သော ပေးပို့သူများ၏ အီးမေးလ်များမှ လင့်ခ်နှင့် ပူးတွဲဖိုင်များကို ဝင်ရောက်ကြည့်ရှုခြင်း၊ ငွေကြေးအသွားအလာကို အတည်ပြုရန် အသိပေးအကြောင်းကြားမှု မခံရသေးမီ သက်ဆိုင်ရာ ဘဏ္ဍာရေး (သို့မဟုတ်) ပုဂ္ဂိုလ်ရေးအချက်အလက် များကို အီးမေးလ်မှတစ်ဆင့်ပေးပို့ခြင်း၊ USB များ၊ အများသုံး ကွန်ပျူတာများ (သို့မဟုတ်) အများသုံး ဝိုင်ဖိုင်များကို အသုံးပြုခြင်းတို့ကို ရှောင်ရှားရမည်။

ကူးစက်ရောဂါမှ မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ဆိုင်ရာ လမ်းညွှန်ချက်များကို ကြပ်မတ်စွာလိုက်နာပြီး မိမိဒေတာအချက်အလက်များကို ထိရောက်စွာကာကွယ် နိုင်ရမည်။                                                                                                                                    (WP)






အခြားဆက်စပ်သတင်းများ