နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်က သက်ကြီးရွယ်အို မဲဆန္ဒရှင်များကို လိုသုံးအဖြစ် သဘောထားနေသည်ဟု ဂျိုးဘိုင်ဒင် ဆို

အောက်တိုဘာ  ၁၄၊ ဝါရှင်တန်


သက်ကြီးရွယ်အို မဲဆန္ဒရှင်များမှာ ဒေါ်နယ်ထရမ့်အတွက် ''အရေးမပါသည့် လိုသုံးများ''များဖြစ်သည်ဟု အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြောသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ဖလော်ရီဒါပြည်နယ်တွင် မိန့်ခွန်းပြောရာ၌ ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ '' သမ္မတ ဒေါ်နယ်ထရမ့်အတွက် ခင်ဗျားတို့က လိုသုံးတွေ၊ အမေ့လျော့ခံတွေပါ။ ခင်ဗျားတို့ကို လူလို့တောင် မသတ်မှတ်သလောက်ပါပဲ။ သူက သက်ကြီးရွယ်အိုတွေကို အဲဒီလိုပဲ သဘောထားတယ်။ သက်ကြီးရွယ်အိုတွေထဲမှာ ဒေါ်နယ်ထရမ့် က သူ့ကိုယ်သူပဲ ဂရုစိုက်တာပါ'' ဟု ဂျိုးဘိုင်ဒင်က ပြောသည်။


ထို့အပြင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရ ကိုင်တွယ်ဖြေရှင်းမှုပုံစံကိုလည်း ဂျိုးဘိုင်ဒင်က ပြစ်တင်ဝေဖန်ခဲ့သည်။ COVID-19 ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသည့် ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်တွင် မဲဆွယ်စည်းရုံးရေးလုပ်ပြီးနောက် တစ်ရက်အကြာတွင် ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတအဖြစ် တင်မြှောက်ခံရရန် လိုအပ်သည့် ကိုယ်စားလှယ်မဲ ၂၇၀ ရရှိရေးအတွက် ဖလော်ရီဒါနှင့် အိုဟိုင်းအိုး စသည့်ပြည်နယ်များမှာ အရေးပါသည့် ပြည်နယ်များဖြစ်သည်။                           

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ