နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွှတ်တော်အီးမေးလ်စနစ် ဆိုက်ဘာတိုက်ခိုက်ခံရခြင်းမှာ ရုရှားနိုင်ငံ၏လက်ချက်ဟု နော်ဝေ စွပ်စွဲ

အောက်တိုဘာ  ၁၄၊ အော်စလို


ပြီးခဲ့သည့်သြဂုတ်လအတွင်း နော်ဝေလွှတ်တော်၏ အီးမေးလ်စနစ် ဆိုက်ဘာတိုက်ခိုက်ခံရသည့်ဖြစ်ရပ်အတွက် နော်ဝေနိုင်ငံက ရုရှားနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်။ ဆိုးရွားသည့် မတော်တဆမှုကြောင့် နော်ဝေနိုင်ငံ၏ အရေးအကြီးဆုံး ဒီမိုကရက်တစ်အဖွဲ့အစည်း ထိခိုက်ခဲ့ရသည်ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဆိုရိုင်ဒီက ပြောသည်။


'' အစိုးရအဖွဲ့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင်တော့ အဲဒီလုပ်ရပ်နောက်ကွယ်မှာ ရုရှားနိုင်ငံ ပါဝင်နေတယ်လို့ ကျွန်မတို့ သုံးသပ်ပါတယ်'' ဟု ဆိုရိုင်ဒီက ပြောသည်။ ရုရှားနိုင်ငံက နော်ဝေနိုင်ငံ၏စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ရည်ရွယ်ချက်ရှိသည့် ဆိုးဆိုးရွားရွား ရန်စမှု ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။


အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ နော်ဝေနိုင်ငံ လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့များက အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုရိုင်ဒီက ပြောသည်။ သို့သော် နော်ဝေနိုင်ငံတွင် သက်သေအထောက်အထားမရှိကြောင်း အော်စလိုမြို့ရှိ ရုရှားသံရုံးက တုံ့ပြန်ခဲ့ပြီး လက်မခံနိုင်စရာ ကြေညာချက်ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။


ပြီးခဲ့သည့်စက်တင်ဘာလတွင် နော်ဝေအရာရှိအများအပြား၏ အီးမေးလ်အကောင့်များ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး သတင်းအချက်အလက်အချို့ ရယူသွားကြသည်ဟု နော်ဝေနိုင်ငံ အာဏာပိုင်များက ပြောသည်။ သို့သော် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အတိုင်းအတာကို လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်းမရှိပေ။                                                                                    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ