နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာဂျစ်စတန်သမ္မတက အသစ်တင်မြှောက်သည့် ဝန်ကြီးချုပ်သစ်ကို အတည်ပြုပေးရန် ငြင်းဆန်

အောက်တိုဘာ  ၁၄၊ ဘစ်ရှ်ကက်


နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေသည့် ကာဂျစ်စတန်နိုင်ငံတွင် ကာဂျစ်စတန်သမ္မတက ဝန်ကြီးချုပ်သစ်ကို အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။ လွှတ်တော်အမတ်များက အမျိုးသားရေးဝါဒရှိသည့် နိုင်ငံရေးသမား ဂျာပါရော့ဗ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးအတွက် လွှတ်တော်တွင် ပြန်လည်မဲခွဲဆုံးဖြတ်ရန် သမ္မတ ဂျင်ဘီကော့ဗ်က တောင်းဆိုခဲ့သည်။


လွှတ်တော်အမတ်များက မဲပေးမှုစည်းမျဉ်းများကို လိုက်နာခဲ့ခြင်း ရှိ၊ မရှိ သံသယဖြစ်မိသည်ဟု သမ္မတ ဂျင်ဘီကော့ဗ်က ပြောသည်။
အောက်တိုဘာလ ၄ ရက်က ကျင်းပခဲ့သည့် အငြင်းပွားဖွယ် လွှတ်တော်ရွေးကောက်ပွဲအပြီးတွင် ကာဂျစ်စတန်နိုင်ငံ၌ နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့ခဲ့သည်။


ဘစ်ရှ်ကက်မြို့တွင် ဆန္ဒပြသူများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး အစိုးရအဆောက်အအုံများအတွင်း ဝင်ရောက်စီးနင်းခဲ့ကာ လွှတ်တော် ရွေးကောက်ပွဲအသစ် ကျင်းပပေးရေး၊ ရုရှားနိုင်ငံကို လိုလားသည့် သမ္မတ ဂျင်ဘီကော့ဗ် ရာထူးမှ နုတ်ထွက်ပေးရေးတို့ကို တောင်းဆိုခဲ့သည်။ အငြင်းပွားဖွယ် လွှတ်တော်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် ကာဂျစ်စတန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားရသည်။


ထို့နောက်တွင် ကာဂျစ်စတန်နိုင်ငံ ဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်သွားခြင်းကြောင့် ပြီးခဲ့သည့်စနေနေ့တွင် ကာဂျစ်စတန်လွှတ်တော်က ဂျာပါရော့ဗ်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့သော်လည်း ယင်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အတည်ပြုပေးမည်မဟုတ်ဟု သမ္မတ ဂျင်ဘီကော့ဗ်ကပြောသည်။ ကာဂျစ်စတန်နိုင်ငံတွင် ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီးနောက် လူတစ်ဦး သေဆုံးခဲ့ပြီး လူ ၁၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။                                                                                                                                    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ