နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံ့ဝင်ငွေ တိုးတက်စေရန် ရဝမ်ဒါနိုင်ငံက ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အသုံးပြုရန်အတွက် ဆေးခြောက်စိုက်ပျိုး၊ တင်ပို့ခွင့်ပြု

အောက်တိုဘာ  ၁၄၊ ကီဂါလီ


နိုင်ငံ့ဝင်ငွေ တိုးတက်စေမည့် နည်းလမ်းတစ်ရပ်အဖြစ် သဘောထားပြီး ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဆေးခြောက်စိုက်ပျိုးခြင်း၊ တင်ပို့ခြင်းများကို ရဝမ်ဒါနိုင်ငံက ခွင့်ပြုပေးခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က ကျင်းပခဲ့သည့် အစိုးရဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ရဝမ်ဒါနိုင်ငံ၌ တန်ဖိုးမြင့် ဆေးကုသရေး သီးနှံများ စိုက်ပျိုးခြင်း၊ လိုအပ်သည့်အဆင့်များ လုပ်ဆောင်ခြင်း၊ တင်ပို့ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အတည်ပြုခဲ့ကြသည်။ တန်ဖိုးမြင့် ဆေးကုသရေးသီးနှံများတွင် ဆေးခြောက်လည်း ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီး အန်ဂါမီဂျီက ပြီးခဲ့သည့်အင်္ဂါနေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။


ရဝမ်ဒါနိုင်ငံ၏ ဆေးခြောက်စိုက်ပျိုး၊ တင်ပို့ရေးလုပ်ငန်းတွင် လိုင်စင်ရ ထုတ်လုပ်သူများသာ ပါဝင်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး ရဝမ်ဒါနိုင်ငံအတွင်း ဆေးခြောက်သုံးစွဲမှုကို တားမြစ်ထားဆဲဖြစ်ကြောင်း ရဝမ်ဒါနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။


ရဝမ်ဒါနိုင်ငံတွင် ခွင့်ပြုချက်မရဘဲ ဆေးခြောက် ထုတ်လုပ်၊ ရောင်းချပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပြီး ဆေးခြောက်သုံးစွဲမှုများကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆေးခြောက်ဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံ တန်ကြေးရှိခဲ့သည်ဟု Barclays ဘဏ်က ဖော်ပြသည်။                                                                                                                                  


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ