နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကျဉ်းသားမိခင်နှင့်အတူနေခွင့်မရသည့် မွေးကင်းစကလေးငယ်သေဆုံးခဲ့၍ ဖိလစ်ပိုင်တရားရေးစနစ်အပေါ် မကျေမနပ်ဖြစ်နေ

အောက်တိုဘာ  ၁၄၊ မနီလာ


အကျဉ်းကျခံနေရသည့် မိခင်နှင့်ခွဲထားပြီးနောက် ၂ လနီးပါးအကြာတွင် ၃ လအရွယ် ကလေးငယ် သေဆုံးခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် တရားရေးစနစ်အပေါ် မကျေမနပ်ဖြစ်လျက်ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။ လက်နက်နှင့် ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများ လက်ဝယ်တွေ့ရှိသည်ဆိုသော စွဲချက်များဖြင့် ထိန်းသိမ်းခံထားရသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နာဆီနိုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဖမ်းဆီးခံခဲ့ရသည်။


အဖမ်းခံရစဉ်က ယင်းတွင် ကိုယ်ဝန်ရှိမှန်း မသိခဲ့ဘဲ အချုပ်ထဲတွင် ဆေးစစ်ကြည့်မှသာ ကိုယ်ဝန်ရှိမှန်း သိခဲ့ခြင်းဟု နာဆီနိုက ပြောသည်။
နာဆီနိုသည် ဇူလိုင်လ ၁ ရက်က ကလေးငယ် ရေးဗားကို မွေးဖွားခဲ့ပြီး တစ်လအကြာဖြစ်သည့် သြဂုတ်လ ၁၃ ရက်တွင် နာဆီနိုကို ရင်သွေးနှင့်အတူ နေခွင့်မပေးခဲ့ပေ။ မိခင်နှင့် ကလေးကို အတူတူ ထားပေးရန် တောင်းဆိုခဲ့ကြသော်လည်း အာဏာပိုင်များက လက်မခံခဲ့ရာ ကလေးငယ် ရေးဗားမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားခဲ့သည်။


ကလေးငယ် ရေးဗား သေဆုံးမှုကြောင့် ဖိလစ်ပိုင်ပြည်သူအများစု တုန်လှုပ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် တရားရေးစနစ်၏ ဘက်လိုက်မှုတွေကို ဒေါသတကြီး ရေးသားဖော်ပြခဲ့ကြသည်။ လိင်စိတ်ပြောင်းနေသည့် အမျိုးသားကို သတ်မှုဖြင့် စီရင်ချက်ချမှတ်ခံထားရသည့် အမေရိကန်မရိန်းတပ်သားကို မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း နာဆီနိုမှာမူ သေလုမျောပါးဖြစ်နေသည့် ရင်သွေးငယ်ကို ကြည့်ခွင့်မရခဲ့ကြောင်း ဖိလစ်ပိုင်ပြည်သူများက လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခဲ့ပြီး ''‌ ‌ကျောသားရင်သား ခွဲခြားတဲ့ တရားရေးစနစ်'' ဟု တွစ်တာပေါ်တွင် ရေးသားခဲ့ကြသည်။    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ