နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓမ္မပြုကျင့်သူများကို သေဒဏ်ချမှတ်မည်

အောက်တိုဘာ  ၁၃၊ ဒါကာ


အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြင့်တက်လာခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓမ္မပြုကျင့်မှုများအတွက် သေဒဏ်ချမှတ်ရန် အတည်ပြုခဲ့သည်။ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်သတ္တပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နာကျည်းခံပြင်းမှုများ ဖြစ်ပွားခဲ့သည်။


ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အနည်းဆုံး အဓမ္မပြုကျင့်မှု ၁၀၀၀ ဖြစ်ပွားခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ သို့သော် အမျိုးသမီးများက အရှက်ရမည်ကို စိုးရိမ်သည့်အတွက် အဓမ္မပြုကျင့်ခံရသည့်ဖြစ်ရပ်အများအပြားကို တိုင်ကြားခဲ့ခြင်းမရှိကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။ ထို့အပြင် အဓမ္မပြုကျင့်မှုအတွက် စီရင်ချက်ချမှတ်သည့်နှုန်းမှာလည်း အလွန်နည်းပါးသည်။


ပြီးခဲ့သည့်ရက်သတ္တပတ်က ရုပ်သံမှတ်တမ်း ပျံ့နှံ့သွားခဲ့ပြီးနောက် ဆန္ဒပြသူများက အဓမ္မပြုကျင့်မှုများကို အချိန်တိုအတွင်း ရုံးတင်စစ်ဆေးပေးပြီး စီရင်ချက်ချမှတ်သည့်နည်းလမ်းများကို ပြောင်းလဲပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါရုပ်သံမှတ်တမ်းတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသည့် အမျိုးသမီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နိုခါလီခရိုင်တွင် နေထိုင်သူဖြစ်ပြီး ကြိမ်ဖန်များစွာ အဓမ္မပြုကျင့်ခြင်း၊ အကြမ်းဖက်ခြင်း ခံခဲ့ရသူဖြစ်သည်။ အဆိုပါရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပြီးနောက် အမျိုးသား ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။       


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ