နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Airbus A380 လေယာဉ်ပေါ်တွင် အစားအစာများ ရောင်းချပြီး အရှုံးသက်သာစေရန် စင်ကာပူလေကြောင်းလိုင်း စီစဉ်

အောက်တိုဘာ  ၁၃၊ စင်ကာပူ


ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အရှုံးပေါ်နေသည့် စင်ကာပူလေကြောင်းလိုင်းမှာ ချန်ဂီလေဆိပ်တွင် ရပ်နားထားသည့် Airbus A380 လေယာဉ်ပေါ်တွင် အစားအစာများရောင်းချပြီး အရှုံးသက်သာစေရန် ကြိုးပမ်း လျက်ရှိသည်။ Airbus A380 လေယာဉ်ပေါ်တွင် လာရောက်စားသောက်လိုသူများအနေဖြင့် အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာအထိ ကုန်ကျမည်ဖြစ်သော်လည်း ပထမဆုံး ၂ ကြိမ် ရောင်းချမည့်နေ့များအတွက် ထိုင်ခုံနေရာ များမှာ နာရီဝက်အတွင်း ရောင်းကုန်သွားခဲ့သည်။


စင်ကာပူလေကြောင်းလိုင်းက နောက်ထပ် ၂ ကြိမ် ထပ်မံရောင်းချသွားမည်ဖြစ်ပြီး နေ့လယ်စာနှင့် ညစာ စားပွဲ များအတွက် ထိုင်ခုံမှာယူမည့်စာရင်းတွင် လူအများအပြား စောင့်ဆိုင်းလျက်ရှိသည်။ စင်ကာပူလေကြောင်း လိုင်းအပါအဝင် လေကြောင်းလိုင်းအများအပြားမှာ COVID-19 ကပ်ရောဂါကြောင့် အရှုံးသက်သာစေရန် စီးပွားရေးပုံစံသစ်များ ရှာဖွေလျက်ရှိသည်။ အစောပိုင်းတွင် စင်ကာပူလေကြောင်းလိုင်းက လှည့်လည် ပျံသန်း သည့် ခရီးစဉ်များ ပြေးဆွဲရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ အကြံအစည်ကို ဖျက်သိမ်း ခဲ့သည်။


စင်ကာပူလေကြောင်းလိုင်းမှာ တစ်ကြိမ်လျှင် ၃ နာရီကြာမြင့်မည့် လေယာဉ်ပေါ်မှ စားသောက်ပွဲများအတွက် Airbus A380 လေယာဉ်နှစ်စင်းကို အသုံးပြုရန် စီစဉ်လျက်ရှိသည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်း များကို လိုက်နာရန်အတွက် လေယာဉ်တစ်စင်းစီတွင် သတ်မှတ်ဦးရေ၏ တစ်ဝက်သာ နေရာချမည် ဖြစ်သည်။


လာရောက်စားသောက်သူများအနေဖြင့် အနည်းဆုံး လက်မှတ်ခ အမေရိကန်ဒေါ်လာ ၃၉ ဒေါ်လာ ရှိသည့် economy seat ထိုင်ခုံများထဲမှ နှစ်သက်ရာထိုင်ခုံကို ရွေးချယ်နိုင်မည်ဖြစ်ပြီး စားသောက်နေစဉ် ရုပ်ရှင်ကြည့်နိုင်မည်ဖြစ်သည်။ သို့သော် လေယာဉ်ကို လေဆိပ်တွင်သာ ရပ်ထားမည်ဖြစ်ပြီး ပျံသန်းမည်မဟုတ်ပေ။ ထို့အပြင် စင်ကာပူလေကြောင်းလိုင်းက ယင်းတို့၏ အစားအစာများကို အိမ်အရောက်ပို့ဆောင်ပေးမည့် အစီအစဉ် လည်း ရှိနေသည်။


ယင်းကဲ့သို့ ပို့ဆောင်ရာတွင် လေကြောင်းလိုင်း၏ စားပွဲခင်းများ၊ အသုံးအဆောင်ပစ္စည်းများပါ ထည့်သွင်းပေးမည်ဖြစ်သည်။ တရုတ်(တိုင်ပေ)၏ Eva လေကြောင်းလိုင်းနှင့် သြစတြေးလျနိုင်ငံ၏ Qantas လေကြောင်းလိုင်းတို့မှာလည်း ထွက်ခွာရာလေဆိပ်သို့ ပြန်လည်ဆင်းသက်မည့် ရှုခင်းကြည့်ခရီးစဉ်များ ပြေးဆွဲ ရန် လုပ်ဆောင်လျက်ရှိသည်။                                                                                                 


Ref:BBC(KNT






အခြားဆက်စပ်သတင်းများ