နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ ချင်းတောင်မြို့မှ လူဦးရေ ကိုးသန်းလုံးကို ၅ ရက်အတွင်း COVID ရောဂါပိုး စစ်ဆေးမည်

အောက်တိုဘာ  ၁၃၊ ဘေဂျင်း


လူဦးရေ ၉ သန်း နေထိုင်သည့် တရုတ်နိုင်ငံ၊ ချင်းတောင်မြို့ တစ်မြို့လုံးကို ၅ ရက်တာကာလအတွင်း COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးလျက်ရှိသည်။ ပြည်ပမှ ရောက်ရှိလာသည့် COVID-19 ရောဂါပိုး ရှိသူများကို ကုသပေးနေသည့် ဆေးရုံနှင့်ဆက်နွှယ်သူ တစ်ဒါဇင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ချင်းတောင်မြို့တစ်မြို့လုံးကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။


COVID-19 ကပ်ရောဂါ စတင်ကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့တွင်လည်း ပြီးခဲ့သည့်မေလတွင် လူဦးရေ ၁၁ သန်းလုံးကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့သည်။ COVID-19 ရောဂါပိုး စတင်ကူးစက်ပျံ့နှံ့ရာဖြစ်သည့် တရုတ်နိုင်ငံမှာ COVID-19 ရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း အခြားနိုင်ငံအများအပြားတွင် ရောဂါကူးစက် ခံရသူများပြားနေဆဲဖြစ်ပြီး ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်ထားရဆဲဖြစ်သည်။ အတိုင်းအတာ သေးငယ်သည်ဟု ယူဆရသည့် COVID-19 ရောဂါ ကူးစက်မှုသစ်များကိုလည်း
တရုတ်နိုင်ငံ အာဏာပိုင်များက ရောဂါပိုး ရှိ၊ မရှိ အကြီးအကျယ် စစ်ဆေးပြီး ထိန်းချုပ်နိုင်အောင် ကြိုးပမ်းသည့်ဗျူဟာကို အသုံးပြုနေကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီသတင်းထောက်က ပြောသည်။                                                                                                                                                                                                          


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ