နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တော်မြို့နယ် ကျေးလက်ဦးစီးဌာနက ကျေးရွာတွင်း ကွန်ကရစ်လမ်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ကျောက်တော် ဧပြီ ၂၇ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေး (VDP) လုပ်ငန်း များအား ဧပြီ ၂၇ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူတို့မှ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာ၌ ကျောက်တော်မြို့နယ် ဗျာလာကျေးရွာတွင် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း (၉၀၀' x ၈' x ၆') အား ဆောင်ရွက်ပြီးစီးခဲ့ရာ ၎င်းလုပ်ငန်းနှင့်ပတ်သက်၍ ကျောက်တော် မြို့နယ် ကျေးလက်ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူတို့က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတာဝန်ယူ ဆောင်ရွက်ခဲ့သော တာဝန်ရှိသူတို့နှင့် တွေ့ဆုံပြီး တာဝန်ရှိသူတို့က ဆောင်ရွက်ခဲ့သောလုပ်ငန်းနှင့် ဆက်စပ် ကာ ရှင်းလင်းပေးသည်။ ၎င်းနောက် မြို့နယ်ဦးစီးမှူးက ထိုကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ တွေ့ဆုံ၍ ကျေးရွာကွန်ကရစ်လမ်း ရေရှည်ခိုင်ခန့်စွာ သုံးစွဲနိုင်ရန် ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်း ထိန်းသိမ်းပေးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ၎င်းဗျာလာကျေးရွာတွင် အိမ်ခြေ ၁၇၆ အိမ်၊ လူဦးရေ ၉၆၀ တို့ အား အကျိုးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဦးအောင်လှဖြူ (ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ