နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်ခရိုင်ဦးစီးမှူး VDP လုပ်ငန်းကွင်းဆင်းစစ်ဆေး

သံတွဲ ဧပြီ ၂၇ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြသန္တာသန်း သည် ဧပြီ ၂၇ ရက်၊ နံနက်ပိုင်းတွင် ခရိုင်မြို့နယ် ကျေးလက်ဦးစီးဌာနက တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး VDP ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀ ပြည်သူထည့်ဝင်ငွေ ကျပ် ၃၄ ဒသမ ၃၄ သိန်း စုစုပေါင်း (၁၃၄ ဒသမ ၃၄)ကျပ်သိန်းဖြင့် ဆောင်ရွက်ပြီးစီးပြင်ဆင်သည့် သံတွဲမြို့နယ်ကျောင်း တိုက်အုပ်စု ကျောင်းတိုက်ကျေးရွာတွင် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၇၀၀' x ၁၂' x ၉") ကျေးရွာဖွံ့ဖြိုး ရေး ရန်ပုံငွေ ကျပ် (၁၀၀)သိန်း ပြည်သူထည့်ဝင်ငွေ (၂၅ ဒသမ ၀၈)သိန်း စုစုပေါင်း (၁၂၅ ဒသမ ၀၈)သိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် သံတွဲမြို့နယ် ခရမ်းမော်ကျေးရွာအုပ်စု ဝါးနွယ်ပြင်ကျေးရွာတွင် လမ်းချောင်း သဲကျောက်ခင်းခြင်းလုပ်ငန်း (၃၇၀၀' x ၁၂' x ၇")နှင့် ကွန်ကရစ်ရေပြွန် (၆)စင်း တည်ဆောက်ခြင်းလုပ်ငန်း ၆ (၁' ၆" x ၁၅) များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာတွင်းလမ်းများ ရေရှည်တည်တံ့ကောင်းမွန် အောင် လုပ်ငန်းလိုအပ်ချက်များကို ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ဝိုင်းဝန်းထိန်းသိမ်းကြရန် လမ်းညွှန်မှာကြားခဲ့၍ ၎င်းပြင် ကျေးလက်ခရိုင်ဦးစီးမှူး ဒေါ်မြသန္တာသန်းနှင့် တာဝန်ရှိသူတို့က လုပ်ငန်း ကြီးကြပ်ဆောင်ရွက်နေကြသည့်ကျောင်းတိုက်ကျေးရွာနှင့် ဝါးနွယ်ပြင်ကျေးရွာကော်မတီဝင်များအား လတ် တလောဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်ရေးအတွက် အဝတ် Mask များ ဖြန့်ဝေထောက်ပံ့ခဲ့ကြ ကြောင်း သိရသည်။ ဦးအောင်လှဖြူ (ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ