နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်ဘူတာမှ ပြည်ဘူတာအထိ လိုက်ပါမည့်ခရီးသည်များ ပြည်ဘူတာသို့ရောက်လျှင် Quarantine လူနာအဖြစ် ၂၁ ရက် စောင့်ကြည့်ခံရ

ရန်ကုန် ဧပြီ ၂၇ ရန်ကုန်မြို့ရှိ အင်းစိန်ဘူတာမှ ပြည်ဘူတာအထိ လိုက်ပါမည့်ခရီးသည်များ ပြည်ဘူတာသို့ရောက်လျှင် သက်ဆိုင်ရာ၌ quarantine လူနာ အဖြစ် ၂၁ ရက် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း အင်းစိန်ဘူတာရုံတွင် အသိပေးကြေညာထားသည်။ "ပြည်မှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြည်ဘူတာရုံက တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်။ ပြည်ဘူတာကနေ ကျွန်တော်တို့ အင်းစိန် ဘူတာကို တစ်ဆင့်အကြောင်းကြားလာတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ခရီးသွားတွေ ကြိုတင်သိရှိအောင် ဆိုင်းဘုတ်နဲ့ အသိပေးကြေညာထားတယ်" ဟု အင်းစိန်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့် အနေဖြင့် ရထားခရီးစဉ်အများစုကို ရပ်နားထားပြီး အင်းစိန်မှ ပြည်သို့လည်း တစ်ရက်လျှင် အမှတ်(၆၃)အဆန် ပြည်ရထားတစ်စီးသာ ပြေးဆွဲပေးကာ နေ့စဉ် နံနက် ၆ နာရီ ၄၅ မိနစ်တွင် အင်းစိန်ဘူတာမှ စတင် ထွက်ခွာကြောင်း သိရသည်။ အင်းစိန်ဘူတာမှ ပြည်ဘူတာအထိ စုစုပေါင်း ဘူတာအရေအတွက် ၂၈ ခုရှိပြီး အမှတ်(၆၃)အဆန် ပြည်ရထားသည် ဘူတာအားလုံးတွင် ရပ်တန့် ပေးကြောင်း၊ ထို့အပြင် လက်ရှိတွင် အဆိုပါ အင်းစိန်ဘူတာမှနေ၍ တစ်ရက်လျှင် ရန်ကုန်မြို့တွင်း/မြို့ပတ်ရထားခရီးစဉ် ၁၀ ခုကိုလည်း ပြေးဆွဲ ပေးနေကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ