ရန်ကုန် ဧပြီ ၂၇ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ခံရသူ Case 126 နေထိုင်ခဲ့သည့် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်း အမှတ် ၁၆၁ အိမ်ရာဝင်းအား ၁၇-၄-၂၀၂၀ ရက်မှစ၍ Lock Down ချထားပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အဆိုပါအိမ်ရာဝင်းအတွင်း နေထိုင်သည့် အိမ်ထောင်စုဝင်များ စားသောက်ရေး အတွက် အဆင်ပြေစေရန် အလှူရှင်များဖြစ်ကြသော ဦးစိုးသိန်း+ ဒေါ်ခင်လှရီ (မိသားစု) အမှတ်၁၆၁/AE နတ်မောက် ရပ်ကွက်၊တာမွေမြို့နယ်မှ ငွေကျပ် ၅၆၈၀၀၀၀ (ကျပ် ငါးဆယ့်ခြောက်သိန်းရှစ်သောင်း တိတိ) ကိုလည်းကောင်း၊ အမှတ် ၁၆၁ Samsonic Electronics Service Centre မှ ငွေကျပ် ၈၀၈၀၀၀၀ (ကျပ် သိန်းရှစ်ဆယ်ရှစ်သောင်း) ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့စဉ်။ မို့မို့အောင်(ပြန်/ဆက်)