ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင်ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများအား ကိုရိုနာဗိုင်းရပ် (စ်)COVID-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကသက်ဆိုင်ရာနယ်မြေ အလိုက်ရပ်ကွက်/ကျေးရွာများရှိ ဓမ္မာရုံ(၅)ခု၊ ကျောင်းပေါင်း(၂၀)၊ ကျန်းမာရေးဌာန(၃)ခုတို့တွင် မတ်၂၈ရက်မှစ၍ အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ပြည်ပနိုင်ငံများမှ တွံတေးမြို့နယ်အတွင်းသို့ပြန်လည် ဝင်ရောက်လာသူများကို ရပ်ကွက်ကျေးရွာ အုပ်စု(၂၈) အုပ်စုနေရာ (၂၈)နေရာ တို့တွင်ပြန်လည် ဝင်ရောက်လာသူ (၇၁၉)ဦးကို တစ်စုတစ်စည်းတည်း (၁၄)ရက် စောင့် ကြည့် ထိန်းသိမ်းကုသမည့် (Community Base Facility Quarantine) စီမံထားရှိပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။ မျိုးလှိုင်(တွံတေး)