နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌သဘာဝပတ်ဝန်းကျင် ရှင်သန်ဖွံ့ဖြိုးရေး

ရန်ကုန်  အောက်တိုဘာ  ၁၂


ကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စ ပြုန်းတီးလာနေသည်။ လူသားအားလုံးရှင်သန်ရပ်တည်နိုင်ရေး အတွက် ရာသီဥတုမျှတခြင်းသည် အဓိကအချက်ဖြစ်နေသည်ဟူ အားလုံးသိရှိပြီးဖြစ်သည်။ လူတို့၏ ပယောဂ ကြောင့် အများဆုံးဆုံးရှုံးနေရသည်။ သဘာဝဘေးအန္တရာယ် တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရ သည်။ မည်သို့ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများရှင်သန်ရေးတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ် သည်။ သို့သော် ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့မြန်မာနိုင်ငံရှိ ဒီရေတော၊ တောင်ပေါ်သစ်တော၊ ရွက်ပြတ်  သစ်တော၊ အမြဲစိမ်းသစ်တောများ တစ်စတစ်စ ယိုယွင်းပျက်စီးလာနေသည်။ ယင်းကဲ့သို့ ပြုန်းတီးမှုများ များပြားလာခြင်းက မြန်မာနိုင်ငံ၏ ဂေဟစနစ်တစ်ခုလုံး အထိန်းအကွပ်မရှိ ပျက်စီးသွားနိုင်သည်။   

မြန်မာနိုင်ငံတွင် အပူပိုင်းမုတ်သုံမိုးသစ်တောများသည် ပျက်စီးမှုမရှိ သဘာဝအတိုင်းတည်ရှိနေသဖြင့် ကမ္ဘာပေါ်တွင် ထင်ရှားသောဒေသဖြစ်ခြင်း၊ ရှည်လျားသည့် ကမ်းရိုးတန်းဒေသအတွင်း အမြဲစိမ်းသစ်တောများ၊ ဒီရေတောများနှင့် ဇီဝမျိုးစုံကွဲများ ရှင်သန်လျက်ရှိနေသည်။ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက် များ လာရောက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်များ အဓိကကျက်စားရာနေရာများမှာ အင်းတော် ကြီးကန်၊ အင်းလေးကန်၊ ပလိပ်အင်း၊ မိုးယွန်းကြီးအင်း၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း၊ မိန်းမလှကျွန်း၊ ပြူကန်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများဖြစ်သည်။ အခြားကုန်းတွင်းဒေသ အနှံ့အပြားတွင်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံအနှံ့အပြား ကုန်းငှက်များ ရောက်ရှိနေသည်။ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ဂေဟစနစ်များ ကောင်းမွန်၍ ဆောင်းခိုငှက်များ လာရောက်ကျက်စားခြင်းဖြစ်သည်။

ယခုအခါ နိုင်ငံတော်မှ သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာစေရန် သစ်တောစိုက်ခင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံများဆန္ဒ၊ ဒေသခံလူနေမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပတ်ဝန်းကျင်လူမှုရေးထိခိုက်မှု ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများနှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည်။ ဒေသတွင်း စိမ်းလန်းစိုပြည် ရေးနှင့် ပြန်လည်ဖွံ့ဖြိုးရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူသားတို့ မှီခိုအားထားရာ အကျိုးပြုရာ သဘာဝပတ်ဝန်းကျင်လည်း ရှင်သန်ဖွံ့ဖြိုးလာမည်ဟု ဆိုချင်ပါကြောင်း ။          ။






အခြားဆက်စပ်သတင်းများ