နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိတ်ကို တစ်ပိုင်တစ်နိုင်မွေးမြူခြင်းဖြင့်ဝင်ငွေရနေ

ရေနံချောင်း အောက်တိုဘာ ၁၂


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများ၌ ခြံဝန်းများဖြင့်ဆိတ်ကို တစ်ပိုင်တစ်နိုင် မွေးမြူလုပ်ကိုင်နေကာ မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဒေသခံမွေးမြူရေးလုပ်ကိုင်သူများထံက သိရသည်။ 

"ဆိတ်ကိုအဓိကထားမွေးပါတယ်၊ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ဆိတ်မွေးခဲ့တာ။ အရင်းအနှီးကကျပ်ငါးသိန်း ဝန်းကျင်ဘဲရှိတယ်။ ယခုလက်ရှိ ဆိတ်ကောင်ရေငါးဆယ်ကျော်ရှိတယ်။ တစ်ကောင်ကျပ်ရှစ်သောင်းကနေ ကျပ်တစ်သိန်းဝန်းကျင်ရှိတယ်။ ငွေလိုရင်ထုတ်ရောင်းတယ် အရင်းအနှီးနည်းဝင်ငွေရတာပါ" ဟု ဒေသခံ ဆိတ်မွေးမြူသူ အမျိူးသားတစ်ဦးက ပြောသည်။

လက်ရှိအညာဒေသတွင် ဆိတ်မွေးမြူရေးလုပ်ငန်းသည် အစားအစာသီးသန့်ကုန်ကျငွေမရှိသည့် အပြင် ဒေသ၌ပေါက်ရောက်သောမြက်နှင့် သစ်ပင်သစ်ရွက်ကို လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်းဖြင့်လုပ်ကိုင်နိုင် ကြသလို ဖြည့်စွက်အစားအစာကိုလည်း အပြင်မှဝယ်ယူ၍ ကျွေးမွေးလာကြသည်ကို တွေ့ရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ