နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်အားသုံး၊ အနိုင်ကျင့်မှုများလုပ်ခဲ့သည်ဆိုသည့် အထူးရဲတပ်ဖွဲ့ကို နိုင်ဂျီးရီးယားအစိုးရ ဖျက်သိမ်း

အောက်တိုဘာ  ၁၂၊ အဘူဂျာ


ရဲတပ်ဖွဲ့၏ အင်အားသုံး၊ ရက်စက်မှုများအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် အဓိကကျသည့် နိုင်ဂျီးရီးယားနိုင်ငံ အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ဓားပြမှုဆန့်ကျင်ရေးအထူးတပ်ဖွဲ့Special Anti-Robbery Squad (Sars)ကို သမ္မတ၏ အထူးညွှန်ကြားချက်ဖြင့် ချက်ချင်းဖျက်သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း နိုင်ဂျီးရီးယားအစိုးရက ပြောသည်။


အထူးရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို သတ်ခဲ့သည်ဆိုသော ဗီဒီယိုမှတ်တမ်းကြောင့် အထူးရဲတပ်ဖွဲ့အပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖြိုခွင်းမှုများရှိနေသော်လည်း အထူးရဲတပ်ဖွဲ့အပေါ် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာပြီး နိုင်ဂျီးရီးယားနိုင်ငံပြင်ပအထိ ပျံ့နှံ့သွားခဲ့သည်။


တရားမဝင် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော Sars တပ်ဖွဲ့မှ ရဲအရာရှိအားလုံးကို ပြန်လည်နေရာချထားမည်ဖြစ်ကြောင်း သမ္မတ၏ အထူးညွှန်ကြားချက်တွင် ဖော်ပြထားပြီး Sars တပ်ဖွဲ့နေရာတွင် အစားထိုးမည့် အစီအစဉ်သစ်အတွက် လုပ်ဆောင်နေသည်ဟု ဆိုသည်။ ထို့အပြင် Sars တပ်ဖွဲ့၏ နှိပ်စက်မှုများကို စုံစမ်းစစ်ဆေးမည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နိုင်ဂျီးရီးယားရဲမှူးချုပ်က ပြောသည်။                                           


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ