အောက်တိုဘာ ၁၂၊ ဗန်ကောက်
ထိုင်းနိုင်ငံတွင် ရထားနှင့် ဘတ်စ်ကားတိုက်မိခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းနိုင်ငံ အရာရှိများက ပြောသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့နံနက်က ဗန်ကောက်မြို့ အရှေ့ဘက် ၃၁ မိုင်အကွာတွင် မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူများမှာ ဝါတွင်းကာလပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ဘုရားသွားမည့် သူများ ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများအရ ဘတ်စ်ကားမှာ တိမ်းမှောက်နေပြီး ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သည့်အပြင် ရထားလမ်းပေါ်တွင် အရာဝတ္တုများ ပြန့်ကျဲနေကြောင်း တွေ့ရသည်။ ဘတ်စ်ကားကို မရန်အတွက် ကယ်ဆယ်ရေးလုပ်သားများက ဝန်ချီစက် အသုံးပြုခဲ့ရသည်ဟု ဆိုသည်။
ရထားနှင့်တိုက်မိချိန်တွင် ဘတ်စ်ကားပေါ်၌ ခရီးသည် ၆၀ လိုက်ပါလာသည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ထရီတီလာနွန်က ပြောသည်။ အဆိုပါဖြစ်ရပ်အတွက် ဝမ်းနည်းမိသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဆိုခဲ့ပြီး အသေးစိတ်စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းများ၏ စံသတ်မှတ်ချက် အားနည်းသည့် ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref:BBC(KNT)