နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်း၌ ခရမ်းချဉ်သီးစျေးနှုန်း ထက်ဝက်ခန့်စျေးကျတဲ့အတွက် အရောင်းအဝယ်ပိုနေ

ရေနံချောင်း အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မစျေးကြီးနှင့် ပျံကျစျေးတို့တွင် ခရမ်းချဉ်သီးစျေးနှုန်း ယခင် တစ်ပတ်ထက် ထက်ဝက်ခန့်စျေးကျတဲ့အတွက် အရောင်းအဝယ် ပိုသွက်လျက်ရှိကြောင်း လက်လီရောင်း ဝယ်သူများထံက သိရသည်။

ယခင်တစ်ပတ်တွင် ရေနံချောင်းမြို့၌ ခရမ်းချဉ်သီးတစ်ပိဿာကျပ် ၂၀၀၀ ကနေကျပ် ၂၄၀၀ ရှိပြီး အရောင်းအဝယ်မှာလည်း ဆယ်ငါးပိသာဝန်းကျင်ရောင်းရတယ်။ ပုံမှန်ရောင်းအားမှာ ပိသာ သုံးဆယ် ဝန်းကျင်ရှိကြောင်း အရောင်းအဝယ်ပါးတယ်။ ပုံမှန်တစ်ပိဿာဝယ်သူတစ်ဦး ငါးဆယ်သားဝယ်တာမျိုး ပဲရှိတယ်။

ယခုတစ်ပတ်မှာ ခရမ်းချဉ်သီးတစ်ပိဿာကျပ် ၁၀၀၀။ ကျပ် ၁၂၀၀ ဝန်းကျင်သာရှိပြီး စျေးနှုန်းကျသွားတဲ့ အတွက် အရောင်းအဝယ်ကောင်းလာတယ်ဟု ပျံကျစျေးမှ ခရမ်းချဉ်သီးရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောပါသည်။ ကျွန်မတို့ယခင် တစ်ပတ်မှာ ခရမ်းချဉ်သီးတစ်ပိဿာကျပ် ၂၀၀၀ ဝန်းကျင်ဝယ်ရတယ်။ ခရမ်းချဉ် လျှော့သုံးရတာ။ လက်ရှိ ခရမ်းချဉ်သီး တစ်ပိဿာကျပ် ၁၀၀၀၊ ကျပ် ၁၂၀၀ ဝန်းကျင်သာရှိတော့တယ်။
စားသုံးသူအတွက် အဆင်ပြေသွားတာပေါ့ဟု ရေနံချောင်းမြို့မှ အိမ်ရှင်မ ဒေါ်စန်းက ပြောသည်။
လက်ရှိ ခရမ်းချဉ်သီးမှာ အသစ်ဝင်ရောက်မှုများသောကြောင့် စျေးနှုန်းကျလာခြင်းဖြစ်ကြောင်း ခရမ်းချဉ်သီး ရောင်းဝယ်သူများထံမှ သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ